အပိုင်းနှစ် - ငါတို့သူငယ်ချင်းတွေဖြစ်ပြီနော်
"Oh Sehun နဲ့ Kim NaNa တွဲနေကြပြီတဲ့"Oh Sehunဆိုတဲ့ကျောင်းသားအသစ် ကျောင်းပြောင်းလာပြီးတလအကြာမှာ ဒီသတင်းက တကျောင်းလုံးနီးပါးပျံ့နှံ့ခဲ့တယ်။
အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေမို့
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာပဲ အချိန်ပေးထားကြတာ
မဟုတ်သည့်အလျောက်ဒီသတင်းအပေါ် တော်တော်
စိတ်ဝင်တစားပြောဆိုနေကြပါတယ်။ထုံးစံအတိုင်း ကျောင်းသားတွေက Kim NaNaကို
နှမြောနေကြပြီးကျောင်းသူတွေက Oh Sehun
အတွက်မျက်ရည်တစမ်းစမ်းဖြစ်နေ
ကြရှာတယ်။ဒီလိုပဲ ထုံးစံအတိုင်း Luhan ကတော့ ကျောင်းစာတွေ
ကြားခေါင်းနှစ်နေပြန်တယ်။ လပတ်စာမေးပွဲပြီးတာ မနေ့တနေ့ကပေမဲ့လလယ်ကျရင် ကျောင်းပေါင်းစုံ
ဘတ်စကတ်ဘောပြိုင်ပွဲရှိသေးတာကြောင့် သူ အားနေတဲ့အချိန်မှာစာတွေကြိုလုပ်ထားခြင်းဖြစ်တယ်။သင်္ချာတပုဒ်ကို အာရုံစူးစိုက်တွက်နေခဲ့တဲ့အချိန်မှာပဲ
ထိုသတင်းကသူ့နားထဲရောက်လာတာဖြစ်ပါတယ်။Oh Sehun အဲ့ဒီကျောင်းသားသစ်က သူ့အတန်းဖော်
ဖြစ်တယ်။ အိမ်နီးနားချင်းလည်းဖြစ်တယ်ဆိုပေမဲ့
သူတို့နှစ်ယောက် လုံးဝတရင်းတနှီးမရှိပါဘူး။ကျောင်းသွားချိန်အတူတူပေမဲ့ လမ်းလျှောက်သွားတဲ့ Luhanနဲ့စက်ဘီးစီးသွားတဲ့Sehun ဘယ်တော့မှကျောင်းအတူတူသွားဖြစ်တယ်မရှိဘူး။
ပထမတခါ ဒုတိယတခါ Sehunက စက်ဘီးနဲ့လိုက်ခဲ့
ဖို့ခေါ်ပေမဲ့တတိယအခါ Luhan ငြင်းပြီးနောက်မှာ Sehunကနောက်ထပ်ဆက်မခေါ်တော့ပါဘူး။ကျောင်းမှာတွေ့သည့်တိုင်မေးထူးခေါ်ပြောအပြင်မပိုခဲ့သလို တခါတလေ မျက်နှာချင်းဆိုင်တွေ့ရင်တောင်
မနှုတ်ဆက်ဖြစ်တာများတယ်။ဒါကလည်း လမ်းလျှောက်ရင်းစာအုပ်ဖတ်ချင်ဖတ်
နေတဲ့ Luhanကြောင့်ဖြစ်သလို Sehunနားမှာ
ပါလာနေကျ NaNaကြောင့်လည်းဖြစ်တယ်။"Hollllll campus couple လာပြီ"
အတန်းထိပ်ကတစုံတယောက်ဆော်သြလိုက်သံမှာ
အတန်းထဲယှဉ်တွဲဝင်လာတဲ့ Sehunနဲ့NaNaတို့
နှစ်ယောက်ဆီ တတန်းလုံးအာရုံကရောက်သွားတယ်။
YOU ARE READING
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanfictionအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။