တမှတ်တရဖြစ်ရတဲ့ အဲ့ဒီနေ့မှာ သက်တန့်တွေမရှိဘူး။ မိုးပွင့်တွေမကျဘူး။ လေပြေညှင်းတွေ
မတိုက်ခဲ့ဘူး။....သာမန်ပါပဲ...မထူးဆန်းတဲ့
အတန်းဖော် အသစ်တယောက် မျက်နှာချင်း
ဆိုင်မှာ ရောက်လာခဲ့တယ်။အဲ့ဒီနောက်မှာ...မျက်လုံးချင်းမဆုံဘူး။ စကားတို့မဖလှယ်ဘူး။ တစ်သမတ်ထဲကျတဲ့ အတန်းဖော် ဆက်ဆံရေးမှာ တစ်ဆင့်ကတက်ချင်လာတယ်။ သူငယ်ချင်းတဲ့.......ညနေချိန်တိုင်း လိမ္မော်ရောင် ဆည်းဆာအောက်မှာ အရိပ်တို့ ပခုံးချင်းယှဉ်လာခဲ့ကြတယ်။
ချွေးစိုနေတဲ့ အားကစားဝတ်စုံရနံ့ကို သိပ်သဘော ကျတယ် ။ စာကြည့်တိုက်ထဲ သင်္ချာအတူတွက်ရင်း အချိန်တွေကို ခိုးယူတယ်။ သက်တန့်တို့က အရောင်သွေးစုံလင်လာတယ် ။ သိပ်ကိုရိုးရှင်းတာပဲ...။ " မင်း ရဲ့ ပျော်ရွှင်မှုအလုံးစုံ ငါ့ကြောင့် ဖြစ်လာတာမျိုး ဖြစ်စေချင်တယ်။ ငါ့မှာ ဒီတခုကို လောဘတက်လာမိတယ် "။
သဘောကျတာပေါ့ မင်းကို....။ အတန်းဖော်လို။
သူငယ်ချင်းလို...။ နောက်.....ချစ်ဦးသူလို....။တထပ်ထဲကျခဲ့တဲ့ နှလုံးသားချင်း ရင်းနှီးမှုတွေပေါ်မှာ သက်တန့်တွေရှိတယ်။ ပန်းတွေပွင့်တယ်။ မိုးပွင့်ရောတဲ့လေပြေညှင်းတွေရှိတယ်။ ငါ က မင်းကို တကယ်ပဲ ချစ်မြတ်နိုးတယ်။
" မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့ အနက်က မင်း
ထင်ထားတာထက် ပိုနက်တယ် " ။ သေချာပေါက် ငါ့မှာ မင်းမရှိလို့မဖြစ်တာမို့....ဒီလက်ကလေးတို့တွဲရဖို့ စက္ကန့်ပေါင်းကုဋေကုဋာချီ ရင်းနှီးလို့ထားပါတယ်။အစကတည်းက တွဲခဲ့တဲ့ အဲ့ဒီလက်တွေဟာ အဆုံးထိခိုင်မြဲခဲ့ကြတယ်။
အချစ်ရဆုံးသော.....ချစ်ဦးသူ ပုံပြင်ကို ငါတို့
အတူ ပိုင်ဆိုင်ခဲ့ကြရတယ်။[ အချစ်ဆုံး......အချစ်ဦး ]
💚💚💚
ချစ်ဦးပုံပြင်လေးကို စာအုပ်လေးအဖြစ် စိတ်ကူးယဉ်မိပြီး တတိယအခေါက်မှာ အကောင် အထည် ပေါ်လာခဲ့ပါပြီ။ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်လာတဲ့ စာအုပ်ကလေးမှာ cover art စိမ်းနုနုလှလှကလေးလဲပါပါတယ်။
YOU ARE READING
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanfictionအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။