အပိုင်းနှစ်ဆယ် - မင်းရဲ့အရှုပ်ကောင်လေး ငါ
ကျောင်းပိတ်ရက်မဟုတ်ပေမဲ့ Luhan ဒီနေ့ ကျောင်း
မသွားဘူး။ Genevaရဲ့မနက်ခင်းက မိုးငွေ့တွေနဲ့
အနည်းငယ်အေးစိမ့်စိမ့်နိုင်တယ်။မိုးရေထဲလျှောက်ပြေးနေရင်တောင် နှာစေးချောင်းဆိုး
ဖြစ်ခဲတဲ့ Luhan က ခုတော့ မိုးအုံ့နေရုံလောက်နဲ့
ဖျားချင်နေပါသတဲ့။ ပူနွေးနေပေမဲ့ အအေးဓာတ်ခံနေရတဲ့ခန္တာကိုယ်ကို ကျုံ့ထားမိပြီး အဝတ်ဗီဒိုကိုဖွင့်လိုက်တယ်။အစွန်ဆုံးဘက်မှာ ချိတ်လေးနဲ့ တသီးတသန့်ချိတ်ထား
တာက Sehunရဲ့အနွေးထည်ပွပွကြီး။ Sehun ကိုယ်
သင်းနံ့လေးတွေပျယ်သွားမှာဆိုးလို့ Luhanက တယု
တယသိမ်းထားရှာတာ။ ခုတော့ အေးလွန်းတာမို့ ထုတ်
ဝတ်လိုက်တော့တယ်။ခါးနားထိအိကျနေတဲ့အနွေးထည်ပွပွရှည်ရှည်ကြီးထဲ
Luhan့ကိုယ်လေးကနစ်ဝင်နေတယ်။ အအေးဓာတ်က
တော့ပြေသွားပါရဲ့။ပြတင်းပေါက်နားကိုပြေးသွားလိုက်ပြီး Luhan မှန်
တံခါးကိုဆွဲပိတ်လိုက်တယ်။ မိုးဖွဲဖွဲပေမဲ့ မကြာခင်သည်း
နိုင်တဲ့အရိပ်အယောင်ကကောင်းကင်မှာအပြည့်။"ဒီအချိန်ဆို Sehun ဘာလုပ်နေမှာလဲ?"
Sehunဆိုတဲ့အတွေးကပဲ Luhan့နှုတ်ခမ်းတွေကို
ပြုံးစေတယ်။ သတိတရနဲ့စာကြည့်စားပွဲနားလျှောက်သွား
လိုက်ပြီး အံဆွဲထဲထည့်သိမ်းထားတဲ့ စာရွက်ခေါက်လေး
ကိုနောက်တခေါက်ထပ်ဖတ်တယ်။ တအုံအုံကိုက်နေတဲ့
ခေါင်းက ဝေဒနာတွေတဝက်လောက်ပျောက်သွားရသလို
ပဲ။Luhanက ခဏအကြာမှာ စာရွက်အလွတ်တရွက်နဲ့
ဘောပင်ရှာယူပြီး စာရွက်မှာ Sehunနာမည်အစချီတပ်
လို့ စာတစောင်စရေးတယ်။- Sehun ရေ ။ ငါတို့ရဲ့ပြိုင်ပွဲမနေ့ကပဲပြီးတယ်။
မင်း ပေါက်ကရပြောတဲ့ ကင်ချီပီဇာကို ငါလုပ်ချပစ်တာ
သိလား ? အံ့သြစရာပဲ ငါပထမရတယ် ။ ငါတို့ batch
ရဲ့ ဆရာ Mr.Teinက ဗီယက်နမ်လူမျိုးလေ သူက
ပါရီမှာ စားသောက်ဆိုင်ဖွင့်ထားတာ fusion food
တွေကို အဓိကရောင်းတယ်။ ကျောင်းပြီးရင်
လက်ထောက်လုပ်ဖို့ ငါ့ကိုကမ်းလှမ်းထားတယ်။ ငါ
စဉ်းစားမယ်လို့ပြောခဲ့တာပဲ -
ESTÁS LEYENDO
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanficအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။