အပိုင်းနှစ်ဆယ့်လေး - ဂုဏ်ပြု kiss တဲ့အဖေတို့ရွာလေးမှာ Luhan တို့ သုံးရက်နေခဲ့တယ်။
ထပ်နေချင်သေးပေမဲ့ Sehunကျောင်းတရက်ပျက်နေ
ပြီဖြစ်လို့ Luhanက ပြန်ဖို့ပြင်ပါတယ်။ Sehunအဖေ
က မပြန်ခင်လေးထိကို Luhan့ကို လိုလေသေးမရှိရ
လေအောင်ဂရုစိုက်ပေးခဲ့တယ်။ Luhanကလည်း အသံ
တိတ်စကားတွေတော်တော်ပြောဖြစ်ခဲ့ပါတယ်။
သားဖြစ်သူကိုဂရုစိုက်ပေးပါ့မယ်ဆိုပြီး။ဆိုးလ်ကိုပြန်ရောက်တော့ Sehunကလည်း အတန်း
တွေရယ် ၊ အချိန်ပိုင်းအလုပ်တွေရယ်နဲ့ အချိန်ဇယား
တွေပြန်ကျပ်လာတယ်။ Luhanကခွင့်ရက်ရတယ်ဆို
ပေမဲ့သူ့ဆရာဖြစ်သူက ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ
စားသောက်ဆိုင်ဖွင့်ထားသေးတာကြောင့် သူအဲ့ဒီကို
သွားပြီး ဝိုင်းကူလုပ်ပေးသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်
ဆရာကလဲ ဆိုးလ်ရောက်နေခဲ့တယ်လေ။Luhanတို့ဆရာ Mr.Tien က Luhan ထွင်ထား
တဲ့ ကိုရီးယားစတိုင်လ်အီတလီအစားအစာတွေ ကိုသိပ်
သဘောကျတယ်။ ဒါကြောင့်လဲ Luhanကျောင်းပြီးတာနဲ့ပါရီကဆိုင်ခွဲမှာ လက်ထောက်လုပ်ပေးဖို့ကမ်းလှမ်းခဲ့တာဖြစ်တယ်။"ဟန်လေး ဘယ်မှာလဲ ?"
"ငါဆိုင်မှာပဲရှိသေးတယ်"
ဖုန်းကိုစပီကာဖွင့်လို့ စားပွဲပေါ်ချလိုက်ပြီး Luhanက
နယ်ပြီးနှပ်ထားတဲ့ ဂျုံ့မုန့်ခွက်ကိုလှမ်းယူပြီး ဂျုံ့လုံးလေး
တွေဖြစ်အောင်ဖြတ်တယ်။မနက်ကနေ နေ့လည်စာစားချိန်အထိ ဆိုင်ကိုဖွင့်ထား
ပြီး ညနေပိုင်းဖွင့်ဖို့ပြင်ဆင်စရာတွေအတွက် ဆိုင်ခဏ
ပိတ်ထားတဲ့အချိန်မှာ Luhanက မီးဖိုချောင်ထဲရောက်
နေတယ်။မနက်စောစော နိုးလာတဲ့အချိန်မှာပဲ Sehunက
Hotteok စားချင်လိုက်တာလို့ ပြောလာတာကြောင့်
Luhanကကိုယ်တိုင်လုပ်ပေးဖို့ပြင်ဆင်နေတာဖြစ်တယ်။နားချိန်မှာ သူမုန့်လုပ်မယ်။ ဆိုင်မဖွင့်ခင် Sehunတို့
ကျောင်းကိုအပြေးသွားပြီး မုန့်ဘူးကိုပေးခဲ့လိုက်မယ်
လို့ Luhan တွက်ထားတယ်။"ငါ ဆိုင်ကိုရောက်နေတယ်ရော"
"ဟမ် ?? "
ဖုန်းထဲကထွက်လာတဲ့ Sehunအသံကြောင့် Luhan
လန့်ဖြန့်ပြီး ဂျုံပေနေတဲ့လက်နဲ့ဖုန်းကိုကပျာကယာ
ကောက်ကိုင်လိုက်ရတယ်။ မင်းဘယ်မှာလဲလို့ မမေး
နိုင်ခင်မှာပဲ စားပွဲထိုးကောင်လေးက Luhanရှိနေတဲ့
မီးဖိုခန်းထဲကိုဝင်လာတယ်။ နောက်မှာ ဖုန်းကိုင်ထား
ရင်း ပြုံးနေတဲ့ Oh Sehunကလိုက်ဝင်လာတယ်။
YOU ARE READING
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanfictionအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။