အပိုင်းဆယ့်လေး - အနာဂတ်မှာ
ပြိုင်ပွဲက နီးလာခဲ့ပြီဖြစ်တယ်။ အားလပ်ချိန်
မရှိပေမဲ့Luhanက Sehunကိုတယောက်တည်း
လုံးဝပစ်မထားတော့ဘူး။အရင်က ဘတ်စကတ်ဘောလေ့ကျင့်နေရင် Sehun
မပြန်ချင်ရင်တောင် အတင်းပြန်ခိုင်းတတ်တဲ့သူဖြစ်ပေမဲ့ အခုကျSehun မပြန်အောင်နေခိုင်းတဲ့သူဖြစ်နေတယ်။ရှင်းရှင်းပြောရရင် မျက်စိအောက်ကအပျောက်မခံတော့တာမျိုး။
"Sehun ငါမေးစရာတစ်ခုရှိတယ်"
"မေးလေ"
ညနေတခုရဲ့ အိမ်အပြန်လမ်းမှာ ရုတ်တရတ်ကြီး Luhanကစကားစလာတယ်။ စက်ဘီးတွန်းနေရင်း
ကနေ Sehunက Luhan့ဘက်ကိုလှည့်ကြည့်ပြီး
မျက်နှာလေးကိုငေးကြည့်တယ်။"မင်း စိတ်ညစ်ရင်ပဲဖြစ်ဖြစ် ပျော်နေရင်ပဲဖြစ်ဖြစ်
မင်းဖေဖေကမင်းကိုဘယ်လိုအားပေးလဲ?""ဟင်?? ဟန်လေး မေးခွန်းကလည်း မဂ္ဂဇင်းတွေထဲ
ကအတိုင်းပဲ"ဆူပုတ်သွားတဲ့မျက်နှာနဲ့အတူ နှုတ်ခမ်းပါးကရှေ့ကို
လက်မဝက်လောက်စူထွက်လာတယ်။ဒီရက်ပိုင်းတွေမှာ တွေ့လာရတဲ့ Luhanရဲ့ချစ်စရာ
ကောင်းမှုတွေထဲကတခုပဲ။ Sehunကထုတ်ပြောမှာ
မဟုတ်ပါဘူး။ တော်ကြာပြောလိုက်မှ အဲ့နှုတ်ခမ်းလေး
မဆူအောင် ထိန်းလိုက်ရင် တစ်ဒုက္ခ။"မဖြေလည်းနေကွာ"
"စိတ်ချည်းပဲ ။ ဒီလိုကွာ"
စက်ဘီးကိုဆက်တွန်းလာရင်လျှောက်တော့ Luhan
ကဘေးနားကနေငြိမ်ငြိမ်လေးကပ်လိုက်လာတယ်။ဖေဖေ့အကြောင်းစဉ်းစားမိသွားလို့ထင်တယ်။
Sehunပြုံးသယောင်ဖြစ်လာခဲ့တယ်။အတိတ်တစ်ခုပဲဆိုစေ။ မိသားစုနဲ့အမှတ်တရတွေ
ဆိုတာ ပြန်တွေးတိုင်းပျော်ရွှင်စရာကောင်းနေတာ
မျိုးဖြစ်မယ်။ Sehunမှာ အဲ့လိုအမှတ်တရကောင်းတွေ
ရှိခဲ့ပုံပါပဲ။"ပျော်ရင်ဖြစ်ဖြစ် ဝမ်းနည်းရင်ဖြစ်ဖြစ် ဖေဖေက ငါ့ပခုံးကိုအမြဲပုတ်ပြီးငါ့သားကအတော်ဆုံးလို့ပြောလေ့ရှိတယ်
နောက် ငါ့ဆံပင်တွေကိုဖွပေးတတ်တယ်"
ESTÁS LEYENDO
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanficအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။