အပိုင်း ဆယ့်ခြောက် - သေချာမှုက မင်းပဲတဲ့
လွန်ခဲ့တဲ့ရက်တွေက Luhanကိုရှောင်နေခဲ့မိတယ်။
ကျောင်းကိုတယောက်တည်းထွက်သွားရတဲ့နေ့တွေက
ပျော်ဖို့မကောင်းဘူး။ စက်ဘီးကိုခဏခဏပြန်လှည့်ချင်တဲ့စိတ်တွေကိုမနည်းထိန်းထားရတယ်။ဟန်လေးဆီပြေးသွားချင်တဲ့ခြေထောက်တွေကို အတင်းကာရောထိန်းချုပ်ထားရတယ်။
Luhanနဲ့မျက်နှာချင်းမဆိုင်မိအောင် တတ်နိုင်သမျှ
ရှောင်တယ်။"သား ဘာလုပ်သင့်လဲ ဖေဖေ"
အားကိုးတကြီးဖုန်းဆက်မိပေမဲ့ ဖေဖေကကောင်း
သည်ဆိုးသည်အကြံမပေးခဲ့ဘူး။ခပ်ငေးငေးကြည့်နေတတ်တဲ့မျက်ဝန်းတွေကို မကြည့်
ပဲနဲ့တောင်မြင်နေရရင်း Sehunရင်က အရမ်း
တင်းကျပ်လွန်းခဲ့တယ်။NaNaကတောင် Sehunဘယ်ခြေလှမ်းတွေလှမ်းနေလဲသိရှိရိပ်မိခဲ့ပြီး ဓားကြိမ်းကြိမ်းတယ်။
NaNaတောင် သူရှောင်နေတာကိုသိတာ။ ဟန်လေးက
မသိပဲနေပါ့မလား?ဒါပေမဲ့ တခွန်းမှအပြစ်မဆိုခဲ့ဘူး။
အဖော်မလိုက်ပေးနိုင်ပေမဲ့ စာကြည့်တိုက်ထဲစာထိုင်
လုပ်နေတိုင်းSehunက ခပ်လှမ်းလှမ်းကနေ ငေးမောမိတယ်။ဖုန်းတကြည့်ကြည့်နဲ့ စာထဲစိတ်မရောက်နိုင်တဲ့ Luhan့ကိုမြင်လေတိုင်း သူ့ကိုသူ မုန်းလိုက်တာလေ။
ကျောင်းဆင်းတော့လည်းတကောက်ကောက်
လိုက်မိပြန်တယ်။ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်တဲ့ကောင်လေးဟာ Sehunတောက်လျှောက်လိုက်နေတာကိုသတိမထား
မိပြန်ဘူး။"မင်းသူ့ကိုမေ့မှဖြစ်မယ် Oh Sehunရဲ့"
ဖုန်းခေါ်ဆိုဖို့ကြံရွယ်မိတိုင်း အသိစိတ်က ပြန်ပြန်တားရှာတယ်။
Luhan နဲ့ သူ့ကြားမှာ ရှိတဲ့စည်းက
သိပ်ကိုကြောက်စရာကောင်းခဲ့တယ်။စာမေးပွဲနီးပြီဆိုတော့ သူသာဖယ်ခွာနေလိုက်ရင် Luhanသူ့ကိုအလိုလိုမေ့ပြီးစိတ်နာသွားမှာပဲ။
YOU ARE READING
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanfictionအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။