အချပ်ပို (က) - ဟုတ်တယ် ငါကမင်းတယောက်တည်းကိုပဲ ချစ်တာမို့ သဝန်တိုတယ်။
"သဘက်ခါညကျရင် ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်တဲ့"
ဆိုဖာပေါ်လှဲနေပြီး ဖုန်းကြည့်နေတဲ့ Sehunက တခြားခုံမှာထိုင်လို့ စာအုပ်ထဲခေါင်းနှစ်နေတဲ့ Luhanကို လှမ်းပြောလိုက်တယ်။ စာထဲ အာရုံခဏရောက်မိသွားလို့ ပြောလိုက်တဲ့စကားကိုမကြားမိလိုက်တဲ့ Luhanက မျက်မှန်ခဏချွတ်ပြီး Sehunကိုဘာပြောလိုက်တာလဲ ဆိုတဲ့သဘောမျိုးနဲ့ မေးငေါ့ပြလာပါတယ်။
ဒီနေ့က Sehun၏ ရှားရှားပါးပါးအလုပ်နားရက်ဖြစ်ပြီး Luhan ကလည်း စားသောက်ဆိုင် ပိတ်ပေး တဲ့နေ့ဖြစ်တယ်။ ပိတ်ပေးတဲ့နေ့ လို့ပြောရတာက Luhanတို့ဆိုင်ကပိတ်ရက်မရှိဘူး။ ဒါပေမဲ့ Oh Sehunက သူအလုပ်ပိတ်ရက်ရလို့ Luhanအိမ်မှာရှိမနေရင် ဆိုင်လာ ပြီး Luhan အလုပ်လုပ် လို့ မရလောက်အောင် အိမ်အောက်ထပ်က ဆိုင်ကို ဆင်းလာပြီး နှောင့်ယှက်လွန်းတာမို့အလိုလိုကို Sehunအလုပ်နားတဲ့ရက်က Luhanစားသောက်ဆိုင် ပိတ်တဲ့ရက်ဖြစ်သွားရတာဖြစ်တယ်။
"ဟင်လို့?"
"ဟန်လေးက ငါပြောတဲ့စကားတွေကိုဂရုမစိုက်တော့ဘူး"
တယောက်တည်းရုပ်ရှင်ရိုက်နေတဲ့ Sehunကို Luhanကမျက်မှောင် ကျုံ့ပြီးကြည့်တယ်။အတူတူရှိလာ တာ ဆယ့်ငါးနှစ်လောက်ရှိလာလဲ Oh Sehunရဲ့ရုပ်ရှင်ကားတွေက Luhanနဲ့ပတ်သက်ပြီးဒရာမာ ချိုး ခြင်း ခေါင်းစဉ်အောက်ကလွဲပြောင်းလဲမှုမရှိဘူး။ ခုလည်း Luhanမျက်မှောင်ကျုံ့ပြနေတာကို နှာခေါင်းတချက်ရှုံ့ပြီး မျက်နှာကိုတဖက်လှည့်သွားတယ်။ ပါးစပ်ကပြောသေးတာက.........
"အဲ့ဆိုင်ပဲဖွင့်ချင်နေတာ ငါ့နားမှာနေချင်တာမဟုတ်ဘူး ငါသိတာပေါ့"
တဲ့
Luhan စာအုပ်ကိုပိတ်ချလိုက်ပြီး ဘေးနားကစားပွဲပေါ် တင်လိုက် တယ်။ ထိုင်နေရာကနေ ထလာ လိုက်တော့ ခိုးကြည့်နေတဲ့ မျက်လုံး တစ်စုံက Luhanရဲ့လှုပ်ရှားမှုနောက် မသိမသာ လိုက်လာနေ တာကိုမြင် တာပေါ့။ ဆိုဖာခြေရင်းမှာ Luhan ထိုင်ချလိုက်ပြီးတဲ့အခါမှာတော့ မျက်လုံးလေးတွေက အပေါ်တက်သွားပြီး Luhan ကို လုံးဝအဖက် မလုပ်ပါဘူးဆိုတဲ့ စတိုင်လ်ဖမ်းလေတယ်။ ခြေရင်းမှာ ဆင်းချထား တဲ့ ခြေထောက် တွေကိုမယူလိုက်ပြီး Luhanက အပေါ်ဘက်ဘေး နည်းနည်းတိုး ထိုင်လိုက်လို့ Sehunခြေထောက်တွေကို သူ့ပေါင်ပေါ် တင်ထားလိုက်တယ်။အတူရှိလာတဲ့ကာလတွေ အရ Oh Sehunဆိုတဲ့ အရှုပ်ကောင်လေး ဟာ skinship အင်မတန်ကြိုက်တာ Luhanကသိတာပေါ့။
YOU ARE READING
အချစ်ဆုံး.......အချစ်ဦး | အခ်စ္ဆုံး......အခ်စ္ဦး
Fanfictionအချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။ အချစ်ဦး ကျွန်တော့်အတွက်တော့ သိပ်လှတဲ့ဖြစ်တည်မှုပဲ။