This Love
Part ~ 1
ဒေါက် ဒေါက် ဒေါက်
” သခင်လေး မိုးလင်းနေပြီ အိပ်ယာကထတော့နော် သူဌေးကြီးခေါ်ခိုင်းလိုက်တယ် သခင်လေးကို ပြောစရာရှိ လို့တဲ့ အောက်မှာစောင့်နေတယ် အိပ်ယာထတော့နော် ”
” ဟာကွာ စောစောစီးစီး အိပ်ကောင်းခြင်းမအိပ်ရ ဒယ်ဒီကလည်း ပြောစရာရှိတာပဲ နိုးတဲ့ထိစောင့်ပါလား ”
~ ဂျွတ်ဆတ်ဆတ်ကောင်လေးဂျစ်ကန်ကန်ကောင်လေး Seungri ရဲ့ မနက်ခင်းနိုးထပုံကတော့မြင်တဲ့အတိုင်းပါပဲ
” သခင်လေး မနိုးသေးဘူးလား သူဌေးကြီးစောင့်နေတယ်”
” စောက်သံပြဲကြီးနဲ့အပြင်ကအော်မနေနဲ့ နိုးပြီ ရေချိုးပြီး ဆင်းခဲ့မယ် မစောင့်နိုင်ရင် မပြောနဲ့လို့ပြောလိုက် ”
~ ဘာတွေမှန်းကိုမသိဘူး တစ်နေ့တစ်နေ့လည်း ပြောလို့ ကို မကုန်နိုင်တော့ဘူး မကျေနပ်တာတွေကို တရစပ်ပြော ပြီး ရေဝင်ချိုးလေရဲ့
” နင်တို့ သခင်လေး မနိုးသေးဘူးလား”
” နိုးနေပါပြီ သူဌေး ရေချိုးပြီးဆင်းခဲ့မယ်ပြောပါတယ် ”
” ဟုတ်ပြီ သူ့အတွက်မနက်စာ ပြင်ထားလိုက် ”
” ဟုတ်ကဲ့ပါ သူဌေး ”
~ သားလေးတစ်ယောက်ရှိပါတယ် ဘာမှအားမကိုးရဘူး ကျောင်းလည်းကောင်းကောင်းမတက် အမေ မရှိတော့ဘူး ဆိုပြီး အလိုလိုက်ထားတာ ထိန်းလို့ကိုမရတော့ဘူး
ပြောရင်းဆိုရင်းနဲ့ ကိုယ်တော်သခင်းလေးရောက်လာပြီ” ဒယ်ဒီ သားကို ပြောစရာရှိလို့ဆို ”
” အင်း ဟုတ်တယ် ”
” ဘာပြောမှာလဲ မြန်မြန်ပြော သားသွားစရာရှိသေးတယ်”
” သား မင်းအခုကျောင်းလည်းသေချာမတတ် ဘာအလုပ်မှလည်းမလုပ်ဘူး အခု အဖေ လုပ်ငန်းအသစ် တွေ တိုးချဲ့ထားတယ် သားဝင်လုပ်ပါလား ”
” ဒယ်ဒီ သားကိုပြောစရာဆိုတာ အလုပ်လုပ်ဖို့လား ”
” မင်းကို ဒီဟာပဲပြောစရာရှိတာလေ Yang Hyun Suk ရဲ့ သားက ဘာအလုပ်မှမလုပ်ပဲ ဂျလေဘီလုပ်နေတယ် လို့ အပြောခံရတာလဲ နားနဲ့မဆန့်တော့ဘူး အလုပ်လေးရှိ တော့ ဂုဏ်ရှိတာပေါ့သားရယ် ”
YOU ARE READING
This Love
FanfictionThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...