Part ~ 26
ဘယ်သောအခါမှ စောစောစီးစီ အိပ်ယာမထတတ်တဲ့ Ri မနေ့က Taeyang လာပြောတဲ့စကားတွေကို ကြားပြီးကောင်းကောင်းအိပ်မပျော်တဲ့အပြင် မနက်ဘက်မှာအစောကြီးနိုးနေတယ် ဘေးကိုကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Jiyong ကို ကြည့်ပြီးမျက်ရည်တွေကျလာတယ်
~ ကိုကို မနေ့က Taeyang လာပြောသွားတာတွေက အမှန်ပဲလားဟင် ဘေဘီမယုံချင်ဘူး မဟုတ်ဘူးလို့တွေးထားတယ် ဒါပေမယ့်ရင်ထဲမှာအရမ်းဝမ်းနည်းပြီးငိုနေရတာလဲ တကယ်မသိတော့ဘူး
Jiyong နိုးမှာစိုးလို့သာသာလေးအိပ်ယာကနေထပြီးအောက်ထပ်ကိုဆင်းလာလိုက်တယ်
” သား ”
” ဗျာ ဒယ်ဒီ ”
ထမင်းစားခန်းကနေ ကော်ဖီသောက်နေရင်းလှမ်းခေါ်လိုက်တာကြောင့် ထမင်းစားခန်းထဲဝင်သွားလိုက်တယ်
” သား အစောကြီးနိုးနေပါလားကွ မျက်နှာလည်းမကောင်းဘူးငိုထားတာလားသား ”
ငိုထားတာလားလို့မေးလိုက်ကာမှ မျက်ရည်တွေကျလာပြီး ဖအေရင်ခွင်ထဲဝင်ပြီး ငိုတော့တာပဲ
” ဒယ်ဒီ မနေ့က Taeyang လာပြောတဲ့ကိစ္စတွေက မဟုတ်ဘူးမလား မဖြစ်နိုင်လောက်ပါဘူးနော် သားမယုံဘူး ဒယ်ဒီ ကိုကိုကအဲ့လိုလူစားမျိုးမဟုတ်ဘူးဆိုတာ သားသိတယ် ”
” သား ဒယ်ဒီပြောမယ် သေချာနားထောင် အခုလိုနေနေတော့ဘာမှထူးမလားဘူး ကိစ္စတစ်ခုပြဿနာတစ်ခုဖြစ်လာပြီဆိုရင် ဖြေရှင်းရမှာသဘာဝပဲသား ”
” အဲ့တာဆိုသားဘာလုပ်ရမလဲဟင် ”
” Jiyong နိုးလာရင် သားတို့နှစ်ယောက်လုံး သူ့အိမ်ကိုသွား သူ့အမေကိုသွားတွေ့လိုက်ပါ ”
” ဟင့်အင်း ဟင့်အင်း သွားတွေ့လိုက်ရင် ခွဲမှာသိတယ် မသွားချင်ဘူး မသွားဘူး ”
” သား စိတ်ကိုငြိမ်ငြိမ်ထားစမ်း သွားမတွေ့ပဲအခုလို အိမ်မှာနေနေလို့ရော သားစိတ်ချမ်းသာရလို့လား အဲ့တော့အဖြေတစ်ခုထွက်သွားအောင်သွားလိုက်ပါ အခုချိန်မှာ Jiyong မိခင်က သူ့သားကိုဆိုင်ပဲဆိုင်တာမပိုင်တော့ဘူး အခုချိန်မှာ Jiyong ကိုပိုင်တာ ဟောဒီက ဒယ်ဒီရဲ့သားလေးပါ ”
YOU ARE READING
This Love
FanfictionThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...