This Love
Part ~ 11
” သား Jiyong မေမေပြောစရာရှိလို့ ကျောင်းမသွားခင် စကားခဏလောက်ပြောရအောင် ”
” ဟုတ် မေမေ ပြောလေ ”
” သား မကြာခင်မှာကျောင်းလဲပီးတော့မယ်နော် ”
” ဟုတ်တယ်လေ မေမေရဲ့ အဲ့တာဘာများထူးဆန်းလို့လဲ”
” သားကျောင်းပြီးတာက မထူးဆန်းပါဘူး ကျောင်းလည်း ပြီးတော့မယ်ဆိုတော့ သမီး Kiko နဲ့ မင်္ဂလာ ကိစ္စလေး ပြောမလို့ပါ စေ့စပ်ထားတာလည်းကြားနေပြီလေ ”
” မေမေ သားသူ့ကိုစေ့စပ်ခဲ့တာ ဖေဖေသူ့သူငယ်ချင်းကို ထားခဲ့တဲ့ကတိကြောင့် သားစေ့စပ်ခဲ့တာ ပြီးတော့ သားကျောင်းပြီးတာနဲ့ တန်းပြီးအိမ်ထောင်မပြုချင်ဘူး အချိန်တန်ရင်ယူရမှာပဲ မေမေရယ် ဘာတွေလောနေတာ လဲ ”
” လောတာတော့မဟုတ်ပါဘူး သားရယ် မေမေက ပြောပြ တာပါ သားစိတ်ညစ်သွားပြီထင်တယ် ”
” ကိစ္စမရှိပါဘူး တခြားပြောစရာမရှိတော့ဘူးဆိုရင် သား ကျောင်းသွားတော့မယ် ”
Jiyong ရဲ့မနက်ခင်းကတော့မသာယာ စိတ်ပျက်လက်ပျက်နဲ့သာ ကျောင်းကိုထွက်လာလိုက်တယ်
~ စိတ်တွေလည်းပင်ပန်းလိုက်တာကွာ ဖိအားတွေကလဲ များ သေသာသေလိုက်ချင်တယ် ဟူးးးးး 😤😤😤
” ဖြေးဖြေးသက်သာ သက်ပြင်းချပါဗျာ မြေကြီးတွေလည်း အက်ကုန်တော့မှာပဲ ”
” ဟင် ညီ ”
” ဒီနေ့ ခင်ဗျားချစ်သူရောမပါဘူးလား ”
” ကိုယ့်ကို မခနဲ့ပါနဲ့ကွာ ”
” ဟ မတွေ့မိလို့မေးတာကို ခနဲ့တယ်ဆိုတော့ဘယ်လိုပြော ရမလဲ ”
” ကိုယ့်ကို စိတ်ဆိုးနေတာလား အရင်ကထက်စိမ်းသွားသ လိုပဲ ”
” ကျွန်တော်တို့က ရင်းနှီးခဲ့လို့လား ကျွန်တော်က ရင်းနှီးဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမယ့် အရာမှမထင်ခဲ့တာ ”
” ကိုယ်တောင်းပန်ပါတယ် ”
” ဟ ဘလိုင်းကြီးလာတောင်းပန်နေတယ် ဘာအတွက်လဲ ”
KAMU SEDANG MEMBACA
This Love
Fiksi PenggemarThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...