Part ~ 20

293 20 6
                                    

This Love

Part ~ 20

Ri အိမ်ကိုပြန်ရောက်တာအရမ်းကိုနောက်ကျနေတော့ သူ့ ဖေဖေကလည်းမအိပ်သေးပဲထိုင်စောင့်နေတယ်

” သား ”  ဧည့်ခန်းမှခေါ်လိုက်တဲ့အသံ

” ဟင် ဒယ်ဒီ မအိပ်သေးဘူးလား ”

” သား ဘယ်တွေလျှောက်သွားနေတာလဲ ဒယ်ဒီဘယ်လောက်စိတ်ပူနေလဲသိလား ဘာလဲ သားချစ်သူ နဲ့တွေ့နေတာလား ”

” ဟုတ်ကဲ့ ဒယ်ဒီ ”

” တွေ့တယ်ဆိုလည်းအချိန်နဲ့အခါနဲ့ပြန်လာပေါ့ကွာ နောက် ဆိုအခုလိုနောက်ကျတဲ့ထိ အတူရှိနေတယ်ဆိုရင် အပြင်တွေလျှောက်မသွားပဲ အိမ်မှာတွေ့ ကြားလား ဒယ်ဒီ ဘာအသံမှထပ်မကြားချင်တော့ဘူး ”

” ဒယ်ဒီ သားအရင်က အရမ်းကိုဆိုးခဲ့တာလားဟင် ”

” ဟ ငါ့သားက ထူးထူးဆန်းဆန်းတွေမေးလို့ပါလား ”

” သား သိချင်လို့ပါ ”

” သူများတွေအမြင်မှာ သားကိုဆိုးတယ်လို့မြင်ရင်မြင်မှာ ပေါ့ ဒယ်ဒီ့အတွက်ကတော့ ဆိုးတယ်လို့မမြင်မိပါဘူးကွာ”

” သား ဒီလောက်ရန်တွေဖြစ် ပြဿနာတွေရှာ ဒယ်ဒီ့ကို အရှက်ရအောင်လုပ်ခဲ့တာတောင်ဆိုးတယ်မမြင်ဘူး ဟုတ်လားဒယ်ဒီ ”

” ဒီမှာသား သားကဒီကမ္ဘာမှာ ဒယ်ဒီအချစ်ရဆုံး ဒယ်ဒီ့ရဲ့ သွေးသားလေးကွာ တစ်လောကလုံးက လက်ညှိုးဝိုင်းထိုး ရင်တောင် ဒယ်ဒီကသားကိုဆိုးတယ်လို့ကိုမမြင်ပါဘူး”

” ဒယ်ဒီရယ် ”

” ကဲကဲ သား မိုးလည်းချုပ်နေပြီနားတော့ မနက်ကျောင်း သွားရမှာမလား ”

” ဟုတ်ကဲ့ဒယ်ဒီ good night ”

~ သားဆိုးပေတေခဲ့တာတွေအတွက်အခုချိန်မှာအရမ်းကို နောင်တရမိတယ်ဒယ်ဒီရာ သားရဲ့ဆိုးသွမ်းမှုတွေကို ဒယ်ဒီကအပြစ်မမြင်ပေမယ့် သားကိုအပြစ်မြင်တဲ့သူတွေ ကြောင့် သားချစ်ရတဲ့သူနဲ့ဝေးရတော့မှာလားမသိပါဘူး တကယ်နောင်တရတယ်ဗျာ ဒီလိုတွေဖြစ်မယ်မှန်းသိရင် သားအစတည်းက ဒယ်ဒီ့စကားနားထောင်ခဲ့ပါတယ် လိလိမ္မာမ္မာနေခဲ့ပါတယ် အခုတော့ဗျာ

This LoveWhere stories live. Discover now