This Love
Part ~ 31
Ri ကိုစိတ်ဆိုးပြီးတစ်ညနေလုံးစကားမပြောပဲနေနေတဲ့Taeyang တစ်ယောက်နောက်ဆုံးသူပဲမနေနိုင်ဘဲ စပြီးခေါ်ရတော့တာပေါ့
” ဟျောင့် တစ်ချိန်လုံးအဲ့လိုပဲမသာမျက်နှာနဲ့ထိုင်နေ တော့မှာလား လာအောက်မှာထမင်းသွားစားမယ် ”
” ငါစာချင်စိတ်မရှိဘူးမင်းဘာသာပဲစားလိုက်တော့နော် ”
” ဟျောင့်မင်းအခုလိုပေကပ်ကပ်လုပ်နေမယ်ဆိုရင် ငါတကယ်စိတ်ဆိုးပြီးအိမ်ပြန်မှာနော် ငါ့ကိုဒေါသထွက်အောင်လာမလုပ်နဲ့ အေးမင်းမစားတာသေချာပြီလား ”
”ငါတကယ်မစားချင်လို့ပါကွာ ”
” ပြီးရောမင်းမစားရင်ငါလည်းမစားဘူး ငါကအစာလွန်ရင်ဗိုက်အောင့်တတ်တာမင်းအဆုံးနော် ဒါပဲပြောမယ် ”
” Taeyang မင်းကလည်းကွာတကယ်ဇွတ်ပဲ ဟုတ်ပြီကွာစားမယ် စားမယ် ကျေနပ်ပြီလား ”
” အွန်းကျေနပ်ပြီ လာသွားကြစို့ ”
ခက်ခက်ခဲခဲထမင်းစားဖို့စည်းရုံးပြီးအောက်ထပ်ကိုဆင်းလာကြတယ်
”အဒေါ်ကြီးရေ ကျွန်တော်တိုထမင်းစားမယ် ပြင်ပေးပါ”
” ဟုတ်ကဲ့ပါ သခင်လေးနဲ့ Taeyang ”
” ဒါနဲ့ ဒယ်ဒီရော အဒေါ်ကြီး ”
” ကုမ္ပဏီ သွားပါတယ်သခင်လေး ”
” ဟင် ဒီအချိန်ကြီးဘာသွားလုပ်တာလဲ ”
” အရေးပေါ်အစည်းအဝေးတစ်ခုရှိလို့တဲ့ ပြီးတာနဲ့ချက်ချင်းပြန်လာလိမ့်မယ် ဘာမှစိတ်ပူမနေနဲ့ ”
” အေးပါ ငါကမတွေ့လို့မေးတာပါ ”
” ထမင်းစားလို့ရပါပြီ သခင်လေးတို့ ”
” လာ ဟျောင့် စားကြစို့ ”
Taeyang ကတော့ဗိုက်ဆာလို့အားရပါးရစားနေပေမယ့် Ri ကတော့ထမင်းမစားပဲ ထမင်းပန်းကန်ထဲက ထမင်းတွေနဲ့တူနဲ့မွှေနေရင်းမျက်ရည်တွေကျလာပြန်တယ်
” Seungri မင်းကိုတော့ငါဆွဲထိုးတော့မယ် စားစရာရှိတာစား စောက်အရေမရအဖတ်မရ ယောက်ျားကြီးဖြစ်ရက်နဲ့ငိုမနေနဲ့ စား ”

ČTEŠ
This Love
FanfikceThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...