This Love
Part ~ 18
ညနေကျောင်းဆင်းချိန်ရောက်တော့ Ri တစ်ယောက် Jiyong အိမ်ကို သွားရမယ်ဆိုတဲ့စိတ်ကအရင်လောက် မပေါ့ပါးတာတော့ အမှန်ပဲ
~ ဟာကွာ ဒီနေ့ကျမှ ငါ့စိတ်တွေဘယ်လိုဖြစ်နေမှန်းကို မသိဘူး ကြောက်နေသလို ချမ်းနေသလိုလိုနဲ့ နေလို့မကောင်းဘူးကွာ ကိုကို့မေမေနဲ့အရင်ကလည်းတွေ့ နေကျပဲကို ဒီနေ့ကျမှ စိတ်ထဲမှာလေးနေလိုက်တာ ဘာပဲ ဖြစ်ဖြစ် ငါ့စိတ်ကို တည်ငြိမ်အောင်ထားရမယ် ဟုတ်တယ် ငါ့စိတ်တွေတည်ငြိမ်နေမှဖြစ်မယ်
” ဟျောင့် Seungri ya ”
” အောင်မလေး!!!! လန့်လိုက်တာကွာ မင်းကလည်း ဖြေးဖြေးသက်သာခေါ်လည်းရနေတာပဲကို ”
” ဟမ် ငါမင်းကို ပုံမှန်ခေါ်နေကျအတိုင်းပဲ ခေါ်လိုက်တာပါ ကွာ မင်းဟာမင်းလန့်နေပြီးတော့ ”
” ဟုတ်လား ဒါပေမယ့် ငါအရမ်းလန့်သွားတာ ”
” စိတ်တွေလှုပ်ရှားနေပြန်ပြီမလား စီနီယာနဲ့ရော စကား ပြောခဲ့ပြီးပြီလား ဘာတဲ့လဲ မင်းတို့ဘာတွေဆက်လုပ်ကြ မှာလဲ ”
” Taeyang ya ”
” ပြောလေ ငါနားထောင်နေတယ် ဘာလဲ မင်းတို့အဆင် မပြေကြဘူးလား ”
” မဟုတ်ဘူး ပြေတယ် ကိုကိုက ဒီနေ့ပဲသူ့အမေကို ဖွင့်ပြောမယ်တဲ့ အဲ့တာကျောင်းဆင်းရင်ကိုကိုကသူ့အိမ်ကို လိုက်ခဲ့တဲ့ ”
” အဲ့တာများကွာ လိုက်သွားလိုက်ပေါ့ ဘာခက်တာမို့လို့လဲ”
” ခက်နေတာက ငါ့စိတ်ပဲ ငါအရမ်းစိတ်လှုပ်ရှားနေတယ် ပြီးတော့ခံစားချက်မကောင်းဘူး ”
” ဟာ အဲ့တာက မင်းအရမ်းစိတ်လှုပ်ရှားနေလို့နေမှာပါကွာ အရင်ဆုံးစိတ်ကိုလျော့ထား ဒေါသကိုအတတ်နိုင်ဆုံးထိန်း မင်းကအရမ်းစိတ်မြန်တယ် အကြောင်းအရာတစ်ခုကို ချက်ချင်းတုံ့ပြန်တတ်တဲ့ စိတ်ကအဆိုးဆုံးပဲ မင်းဘက်က တစ်ချက်မှားတာနဲ့ မင်းချစ်တဲ့ စီနီယာနဲ့ဝေးရမှာနော် အဲ့တော့ မင်းစိတ်ကိုအတတ်နိုင်ဆုံးထိန်းပါကွာ ”
” မင်းပြောတာတွေကို ငါနားလည်ပါတယ် ငါအတတ်နိုင် ဆုံးသည်းခံမှာပါ ကိုကိုနဲ့တော့ ငါဝေးလို့မဖြစ်ဘူး အဲ့တာကိုမင်းသိပါတယ် ငါ့ကိုငါပြောင်းလဲဖို့ ကြိုးစားနေ ပါပြီ အဓိက က ငါကိုကိုနဲ့ မဝေးရဖို့ပဲ ”
YOU ARE READING
This Love
FanfictionThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...