This Love
Part ~ 19
Taeyang ကိုနှုတ်ဆက်ကြပြီး နှစ်ယောက်သား Jiyong အိမ်ကိုထွက်လာခဲ့ကြတယ်
” ဘေဘီ ဗိုက်ဆာနေလား တစ်ခုခုဝင်စားကြမလား ”
” ကိုကို့အိမ်ကို သွားမလို့ဆို နောက်ကျနေဦးမယ် ”
” ကိုကို့ မေမေကအခုချိန်ဆို ဆိုင်မှာပဲရှိနေဦးမှာ အခုချိန် သွားရင်လည်းစောင့်နေရမှာပဲ ”
” အော် အဲ့လိုလား ဘေဘီဗိုက်တော့မဆာဘူးကိုကိုရဲ့ ဒါပေမယ့်ရင်တွေပူနေတယ် အအေးဖြစ်ဖြစ် ရေခဲမုန့် ဖြစ်ဖြစ်စားချင်တယ် ”
” အိုကေ အဲ့တာဆိုရင်ဒီနားကရေခဲမုန့်ဆိုင်ကို အရင်သွား ကြမယ် ”
ကောင်လေးနှစ်ယောက်တစ်ယောက်လက်ကိုတစ်ယောက်ဆွဲပြီး ကြည်ကြည်နူးနူးနဲ့ရေခဲမုန့်ဆိုင်ထဲဝင်သွားတာကို နေရာတစ်ခုကနေဒေါသတကြီးနဲ့လှမ်းကြည့်နေတဲ့ Kiko
ဆိုင်ထဲရောက်တော့
” ဘေဘီဘာစားမလဲ ”
” ချောကလက်ရေခဲမုန့်စားမယ် ပြီးတော့ ဘာဂါစားမယ်”
” အိုကေ ညီမရေ ချောကလက်ရေခဲမုန့်တစ်ခွက်ဘာဂါ တစ်ခုနဲ့ ရေအေးအေးလေးတစ်ခွက်ပေးပါ”
” ဟုတ်ကဲ့ပါ ခဏလေးစောင့်နော် ”
” ဟင် ကိုကိုကဘာမှမစားဘူးလား ဘာလို့လဲ ”
” ကိုကိုမှ ဗိုက်မဆာတာဘေဘီလေးရဲ့ ”
” အဲ့တာဆိုလည်းပြီးရော ဘေဘီစားမှစားချင်လို့ဆိုပြီး တောင်းမစားနဲ့နော် ဘာမှမကျွေးဘူး ဟွန့် ”
” ဟုတ်ပါပြီဗျာ ကိုကို့ဘေဘီလေးပဲဝအောင်စား”
” ဟီးဟီး ပြီးရော ”
~ ဘေဘီလေးရယ် ကိုကို မင်းလေးရဲ့အချစ်တွေ ကိုကို့ အပေါ်ဆိုတာလေးတွေ ချွဲတာလေးတွေ အဲ့တာလေးတွေ ကြားက ကိုကိုဘယ်လိုမှရုန်းထွက်လို့မရဘူး သိပ်ကိုပြု စားတတ်လွန်းတဲ့ ကလေးလေးကွာ
” ကိုကို ကိုကိုရေ ဒီမှာစားစရာတွေရောက်နေပြီ ”
” ok စားကြမယ်လေ ”
” ဟွန့် ဘာစားကြမှာလဲ ရော့ ကိုကို့အတွက်ကရေခဲရေ ဒါတွေကဘေဘီဟာလေ ဘေဘီပဲစားမှာကျွေးဘူး ”
YOU ARE READING
This Love
FanfictionThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...