This Love
Part ~ 15
Seungri တစ်ယောက် Jiyong ရင်ခွင်ထဲမှာ ငိုပြီး
” အစ်ကိုဘာလို့ ညီကိုညာခဲ့ရတာလဲ ချစ်တာကို ဘာလို့ ချစ်တယ်လို့မပြောပဲနဲ့ အကြာကြီးပစ်ထားနှိမ့်စက်ထားရ တာလဲ ညီ ဘယ်လောက်ပင်ပန်းလဲ သိရဲ့လား သိရဲ့လား လို့ ”
” ကို တောင်းပန်ပါတယ် ညီကိုအခုလောက်ထိ စိတ်ဆင်းရဲ အောင်လုပ်ထားမိတာ ဒါပေမယ့် ကို့မှာလည်း အခက်အခဲ တွေရှိတာကြောင့် မြိုသိပ်ထားရတာပါ ”
” အခု ညီကို ချစ်တယ်ပေါ့နော် ဟုတ်တယ်မလား ”
” ချစ်တယ် ကို ညီကို သိပ်ချစ်ပါတယ် ”
” ညီလည်းအရမ်းချစ်တယ် ”
အခုမှ သိရှိခွင့်ရလိုက်တဲ့ ကောင်လေးနှစ်ယောက်ရဲ့အချစ်
” အဟမ်း အဟမ်း ချစ်တာလည်း ချစ်ပေါ့နော် ဒါပေမယ့် ဒီနေရာ ဆိုင်ဖြစ်လို့အမြင်မသင့်တော်ပါဘူးနော် အဲ့တော့ နေရာတစ်နေရာကိုသွားပြီးချစ်ကြပါလို့ ”
” Taeyang မင်းပါလိုက်ခဲ့လေ ”
” အောင်မလေး မလိုက်တော့ပါဘူး စီနီယာရယ် တော်ကြာ နေ အလိုက်ကမ်းဆိုး မသိဘူးလားဆိုပြီး အထိုးခံနေရဦးမှ ဖြင့် ပြောရင်းပါးတောင် ကျိန်းလာပြီ ”
” ဟျောင့် ဖော်ကောင်လုပ်မနေနဲ့ အလကား ကိုကို သူက သူ့စော်နဲ့ချိန်းထားတာ ”
” အော် ”
” ဟျောင့် Seungri မင်းစီနီယာကို ဘယ်လိုခေါ်လိုက်တာ ကိုကို ဟုတ်လား ဝေါ့ ဝေါ့ အန်ချင်လိုက်တာကွာ ”
” ခွေးကောင် သွားမှာဖြင့်သွားလိုက်တော့ ”
” အော် အခုတော့နှင်ပြီပေါ့လေ အေးပါကွာ မလိုတော့ လည်း သွားတာပေါ့ သွားပြီစီနီယာ ”
” ကောင်းကောင်းသွားပါ ပြီးတော့ ဒီနေ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ် မင်းကြောင့်သာမဟုတ် ရင် ကိုယ်နဲ့ ညီရဲ့ ရင်ထဲကအချစ်တွေ သိရမှာမဟုတ်ဘူး”
” ရပါတယ် မလိုပါဘူး ကျွန်တော့သူငယ်ချင်အတွက်ပဲဟာ ဒီလောက်တော့လုပ်ပေးရမှာပေါ့ စီနီယာကသာ ကျေးဇူး တွေတင်နေတာ အဲ့ကောင်က ကျေးဇူးတင်ရမှန်းသိတာ တောင်မဟုတ်ဘူး သွားပြီ တာ့တာ ”
YOU ARE READING
This Love
FanfictionThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...