Part ~ 23

277 22 2
                                    

This Love

Part ~ 23

မနက်မိုးလင်းတော့ Ri အရင်အိပ်ယာကနိုးလာပြီး ဖုန်းကို ဖွင့်ကြည့်လိုက်တော့ ဒယ်ဒီခေါ်ထားတဲ့ phone call တွေ message တွေမနည်းမနောပဲ စိတ်ပူနေမယ်ဆိုတာကို သိလို့ ဖုန်းပြန်ဆက်လိုက်တယ် အခန်းထဲမှာဆက်ရင် သူ့ လင်ယောက်ျားနိုးသွားမှာစိုးတဲ့အတွက် အခန်းပြင်ကိုထွက် ဧည့်ခန်းမှာပဲဖုန်းခေါ်လိုက်တယ်

ဖုန်းဝင်သွားတာနဲ့တစ်ပြိုင်နက် ဟိုဘက်က ချက်ချင်းကိုင် လိုက်တယ်

” သား သားလေး ဘယ်တွေသွားနေတာလဲ ဘယ်မှာလဲ Taeyang အိမ်မှာဆိုတာဟုတ်လို့လား ဒယ်ဒီအရမ်းစိတ်ပူ နေတယ် နေရောကောင်းရဲ့လား ”

” ဒယ်ဒီ သားကိုအဲ့လောက်တောင်စိတ်ပူနေတာလား သား အဆင်ပြေပါတယ် နေလည်းကောင်းတယ် ပြီးတော့သား Taeyang အိမ်မှာဆိုတာမဟုတ်ပါဘူး ”

” အဲ့တာဆို ဘယ်တွေသွားပြီး ဘာလုပ်နေတာလဲသား ဒယ်ဒီ့ကို စိတ်ပူအောင်မလုပ်စမ်းနဲ့ကွာ ”

” တကယ်တော့ သား သားချစ်သူနဲ့ ခိုးပြေးသွားတာပါ ကိုကို့မေမေ ကဘယ်လိုမှသဘောမတူလို့ အခုလိုလုပ်လိုက်ရတာပါ သားတောင်းပန်ပါတယ် ဒယ်ဒီ”

” အဲ့တာများအိမ်ကို လာခဲ့ကြတာမဟုတ်ဘူးကွာ ဘယ်တွေသွားပြီး ဘယ်မှာနေနေကြတာလဲ အခုချက်ချင်း အိမ်ပြန်လာခဲ့ ”

” ဒယ် ဒယ်ဒီ သားတို့ကို ခွဲချင်လို့လား သားကိုကိုနဲ့မခွဲဘူး နော် အရင်တုန်းက ကိုကိုနဲ့ကချစ်သူတွေ အခုက လင်မယားဖြစ်သွားပြီ ပြီးတော့ ကိုကိုမရှိရင်သားသေမှာ”

” သား Seungri ဒယ်ဒီကသဘောမတူရင် သားကောင်လေးကို အိမ်ခေါ်လာတဲ့နေ့တည်းက ဒယ်ဒီ တစ်ခါတည်းသဘောမတူဘူးပြောပြီးခွဲမှာပေါ့ ”

” အဲ့တာဆို သဘောတူတယ်ပေါ့နော် ”

” ဒါပေါ့သားရဲ့ အဲ့တော့ ဒီနေ့ပဲအိမ်ကိုပြန်လာခဲ့ အိမ်မှာပဲ နေကြ ဟုတ်ပြီလား ”

” ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ဒယ်ဒီ သားတို့လာခဲ့ပါ့မယ် ပြီးတော့ ကိုကိုနဲ့သဘောတူပေးလို့ကျေးဇူးပါ ဒယ်ဒီ ”

” သားအဖချင်းပဲကွာ မလိုပါဘူး အဲ့တာဆိုပြန်လာခဲ့ကြ ဒယ်ဒီသားအခန်းကိုပြန်ပြင်ထားလိုက်မယ် ”

This LoveWhere stories live. Discover now