This Love
Part ~ 30
ခရီးစဉ်တစ်ဝက်ကျော်ကျော်လောက်ထိမောင်းလာခဲ့ရတော့ပင်ပန်းသွားပြီး Kiko ကတစ်လှည့်မောင်းလိုက်တယ် Jiyong ကမှေးခနဲအိပ်ပျော်သွားတဲ့အချိန်မှာ Ri ဆီကဝင်လာတဲ့ message
” သမီး သားဖုန်းက message ဝင်လာတာထင်တယ် ”
” ဟုတ်တယ် အမေ ဟိုအကောင်ပဲနေမှာပေါ့ သမီးဖတ်ကြည့်လိုက်မယ် ”
ကားကိုလမ်းဘေးကိုခဏရပ်လိုက်ပြီး ဖုန်းကိုယူကြည့်လိုက်တော့ Ri ပို့ထားတဲ့ message ကိုဖတ်ပြီးတော့ ခပ်မဲ့မဲ့မျက်နှာထားအနေအထားနဲ့ message ကိုဖျက်လိုက်ပြီးကားကိုဆက်မောင်းလိုက်တယ်
” သမီး ဘာတွေပို့ထားတာလဲ ”
” အောင်မလေး ဘာမှထွေထွေထူးထူး မဟုတ်ပါဘူးအမေရယ် အရည်မရမဖတ်မရ သတိရတယ်လွမ်းတယ်ပေါ့ အကဲပိုနေတာပါ အမြင်ကတ်လို့ဖျက်လိုက်တယ် ”
” ကောင်းတယ်သမီး ဟိုရောက်တာနဲ့အမေတို့အစီအစဉ်ကိုအမြန်ဆုံးအကောင်အထည်ဖော်ရမယ်နော် မဟုတ်ရင်အားလုံးပျက်ဆီးကုန်မယ် ”
” စိတ်ချပါ အမေ ”
တစ်ဖက်က Ri လေးကတော့ဖုန်းလေးကိုဘေးချပြီး သူ့ကိုကိုဆီကဖုန်းခေါ်တာ စာပို့တာကိုစောင့်နေတယ်
ဒေါက် ဒေါက် ဒေါက်
” ဘယ်သူလဲ ဝင်ခဲ့လေ ”
” ငါပါကွ ”
” မင်းကလည်းတစ်ခါတည်းဝင်လာတာမဟုတ်ဘူး တံခါးခေါက်နေသေးတယ် ”
” ယဉ်ကျေးမှုအရလေကွာ ဟဲဟဲ ”
Ri ကိုကြည့်ရတာ ပျော့ဖတ်ပြီးအားမရှိတဲ့လေသံနဲ့ စကားပြောနေတာကို taeyang ဘဝင်မကျတာတော့ အမှန်ပင်
” မင်း ဘာစားချင်လဲ ဘာလုပ်ချင်လဲ ဘယ်သွားချင်လဲပြော ငါအကုန်လုပ်ပေးမယ် ”
” ဘာမှလည်းမလုပ်ချင်ပါဘူး စားချင်စိတ်လည်းမရှိပါဘူး ပြီးတော့ ငါ့ကိုအရမ်းကြီးအာရုံစိုက်မနေပါနဲ့ကွာ ငါအဆင်ပြေပါတယ် ”
”ဘာအဆင်ပြေတယ်ဟုတ်လား ဒါလားမင်းအဆင်ပြေနေတာ ငိုပြီးရင်းငိုနေတာအဆင်ပြေတာလား ဘာမှမစားမသောက်ပဲမှိုင်တွေနေတာ အဆင်ပြေတာလား ငါမပြောချင်လို့ကြည့်နေတာမင်းကို တော်ရုံပဲကောင်းတယ်ကွာ ယောက်ျားတစ်ယောက်အတွက်နဲ့ဒီလောက်ကြီးထိဖြစ်ပျက်နေတာတော့မဟုတ်သေးဘူး ဟိုကအချိန်တန်ရင်ပြန်လာမှာပဲမလား မင်းအခုလောက်ထိဖြစ်ပျက်နေဖို့လိုလား ”
YOU ARE READING
This Love
FanfictionThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...