This Love
Part ~ 17
Teyang နဲ့ဖုန်းပြာပြီးပြီးချင်းပဲ ကျောင်းကိုသွားဖို့ပြင်ဆင် လိုက်တယ်
” သား ဘာလုပ်နေတာလဲ မေမေဝင်ခဲ့လို့ရလား”
” ဟုတ် ဝင်ခဲ့လေ မေမေ ”
” သားကကျောင်းသွားမလို့လား ”
” ဟုတ်တယ်လေ မေမေရဲ့ ဘာဖြစ်လို့လဲ ”
” ဒီရက်ပိုင်း ကျောင်းကိုတစ်ပတ်လောက်ခွင့်ယူလို့မရဘူး လား ”
” ဟင် ဘာလို့လဲမေမေရဲ့ ချက်ချင်းကြီး ”
” ဒီလိုသားရဲ့ ဘူဖြောင်းမှာနေတဲ့ မင်းအဘိုးလေးနေမ ကောင်းဘူး သူ့ကိုပြုစုမယ့်သူကလည်းမရှိဘူး အဲ့တာ သားတစ်ပတ်လောက်သွားပြုစုပေးပါလား ”
” အဘိုးလေးချွဲ နေမကောင်းဘူးလား ဘာဖြစ်တာလဲ”
” အသက်ကြီးလာတော့ လူကြီးရောဂါပေါ့သားရယ် ”
” ဟုတ်ကဲ့ သားသွားလိုက်မယ်လေ မေမေရော မလိုက် တော့ဘူးလား ”
” သားအရင်သွားနှင့်လေ မေမေကဆိုင်ကတစ်ဖက်ဆို တော့ သေချာပြင်ဆင်ပြီးမှပဲ လိုက်ခဲ့မယ် ”
” အဲ့တာဆို သားကျောင်းသွားပြီးခွင့်ရက်ရှည်သွားတင် လိုက်ဦးမယ်နော် ”
” ဟိုလေ သမီး Kiko ကိုတင်ခိုင်းလို့မရဘူးလား ”
~ မေမေဘာဖြစ်နေတာလဲ အရမ်းထူးဆန်းနေတယ် ခါတိုင်းအဲ့လိုမဟုတ်ပါဘူး ဘာလို့ငါ့ကိုကျောင်းမသွားစေ ချင်ရတာလဲ မဟုတ်မှလွဲရော ငါ့ကို ဘေဘီနဲ့တွေ့မှာစိုးလို့ များလား ဘာတွေလဲကွာ မဖြစ်ဘူး ငါဒီနေ့ ဘေဘီနဲ့တွေ့မှ ကိုရမယ် နောက်ရက်ဆိုဘူဖြောင်းကိုသွားရမှာ မသေချာ ဘူး
” သား မေမေပြောတာမကြားဘူးလား ”
” ကြားပါတယ်မေမေရဲ့ သားတွေးနေတာ Kiko ကို တင်ခိုင်းလို့ရမရ ဒါပေမယ့်မရလောက်ဘူးမေမေရဲ့ သားက ကျောင်းကောင်စီရဲ့ခေါင်းဆောင်လည်းဖြစ် အထွေထွေ ခေါင်းဆောင်လည်းဖြစ်ဆိုတော့ ကိုယ်တိုင် သွားပြီး သားမရှိချိန်မှာ တစ်ယောက်ယောက်ကို အစားထိုး ထားခဲ့ရမှာမို့လို့ ”

YOU ARE READING
This Love
FanfictionThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...