Part ~ 2

500 21 0
                                    

This Love

Part ~ 2

Seungri တစ်ယောက်အရင်ကဆို ကျောင်းသွားဖို့ကို အမြှောက်နဲ့ပစ်ရင်တောင် တုပ်တုပ်မလှုပ်တဲ့သူက ဒီနေ့မှာ တော့ စောစောထပြင်ဆင်ပြီးထွက်လာတော့ တစ်အိမ်လုံး အံ့သြနေကြလေရဲ့

” Morning ဒယ်ဒီ ကုမ္ပဏီ မသွားသေးဘူးလား ”

” အေး သား ”

တစ်ခါမှမမြင်ဖူးတဲ့ပုံစံနဲ့ သူ့သားကိုတွေ့လိုက်ရတော့ ဘာ စကားမှတောင်ပြန်မပြောနိုင်ဘူး ကြောင်ပြီးကြည့်နေတာ

” ဒယ်ဒီ သားကျောင်းသွားတော့မယ် ”

” မနက်စာစားသွားဦးလေ သား ”

” ရတယ် ဒယ်ဒီ ကျောင်းရောက်မှ Taeyang နဲ့ကန်တင်း မှာ စားလိုက်မယ် ဒရိုင်ဘာကင်ရော ရောက်ပြီလား ”

” ရောက်ပါပြီသခင်လေး ဘယ်ကိုပို့ပေးရမလဲ ”

” ဟ ကျောင်းဝတ်စုံဝတ်ထားမမြင်ဘူးလား ချက်ချင်းကြီး ကန်းသွားတာလား ကျောင်းသွားမှာ ကျောင်းကိုမောင်း”

” ခင်ဗျာ”   ကျောင်းသွားဖို့ကိုသေမတတ်ပြောရတဲ့သူက ကျောင်းကိုပို့ခိုင်းတော့ ဒရိုင်ဘာကင်တောင် အံ့သြ

” ဘာကြောင်ကြည့်နေတာလဲ သွားမယ်လေ တံခါးလာဖွင့်”

” ဟုတ်ကဲ့ သခင်လေး ”

တခြားနေ့တွေနဲ့လုံးဝကိုမတူပဲဒီနေ့ကျမှအရမ်းကိုတက်ကြွ လန်းဆန်းနေတဲ့ Seungri

ကျောင်းရောက်တော့ ကားပေါ်ကအပြေးအလွှားဆင်းပြီး Taeyang ကိုလိုက်ရှာတယ်

” ဟာကွာ ဒီခွေးကောင်ဘယ်သွားနေလဲမသိဘူး ”

” မင်းပထွေးကမင်းနောက်မှာကွ ကျောင်းရောက်တာနဲ့ ပထွေးကိုတန်းရှာနေတယ် ဟုတ်လား ”

” ခွေးကောင် မင်ကနောက်ကျနေတာကိုကွ ”

” ဟျောင့် ငါဘာမှနောက်မကျဘူး ငါရောက်နေတာကြာနေ ပြီမင်းမလာသေးတာနဲ့ Hyorin ကိုခဏသွားတွေ့နေတာ ”

” မင်းတို့နှစ်ကောင် ယူရင်လည်းမြန်မြန်ယူလိုက်တော့ တော်တော်ကိုမျက်စိနောက်နေပြီ ”

”ကျောင်းမပြီးသေးလို့ပေါ့ကွ ငါကယူချင်တာမှ ယားနေတာပဲ ”

This LoveWhere stories live. Discover now