Part ~ 25

238 15 1
                                    

Part ~ 25

ဒေါက် ဒေါက် ဒေါက်

” ဘယ်သူလဲ ”

” အဒေါ်ကြီးပါသခင်လေး သူဌေးပြန်ရောက်ပါပြီ အဲ့တာသခင်လေးတို့ကိုခေါ်ခိုင်းလိုက်လို့ပါ ”

” ပြီးရော ပြီးရော ခဏနေဆင်းခဲ့မယ် ”

” ဘေဘီ ဖြစ်ပါ့မလား ကိုကိုအရမ်းစိတ်ပူတယ် ခွဲတော့မခွဲလောက်ပါဘူးနော် ကျန်တာဘာဆိုဘာမှမကြောက်ဘူး ဘေဘီနဲ့ခွဲရမှာပဲ ကြောက်တာ ”

” ကိုကိုရယ် ဘာလို့မဖြစ်နိုင်တာတွေကိုတွေးပူနေရတာလဲ ဒယ်ဒီ့ကဘေဘီ့ကိုသိပ်ချစ်တာ အဲ့တာကြောင့် ဘေဘီ့ကိုစိတ်ဆင်းရဲအောင်လုပ်မှာမဟုတ်ဘူး ”

” ကိုကိုက စိတ်ပူလို့ပြောတာပါကွာ ”

” ကဲပါ မလိုအပ်တာတွေတွေးပူမနေနဲ့ လာ ဒယ်ဒီ့ဆီ သွားရအောင်စောင့်ခိုင်းထားတာကြာနေရင်မကောင်းဘူး ”

~ ဘေဘီရယ် ကိုကို့ရင်ထဲမှာအရမ်းကြည်နူးရပါတယ်ကွာ ဘယ်အခြေအနေပဲရောက်ရောက် ဘယ်သူခွဲခွဲ ကိုကိုတို့မခွဲပဲသက်ဆုံးတိုင်အတူတူနေရအောင်ပါ

Ri ရဲ့ဒယ်ဒီက Riလေးတို့ကိုစောင့်နေရင်း ရောက်လာတာက Taeyang နဲ့ Hyorin

” ဟာ Taeyang တို့ပါလားကွ သမီးလည်းပါလာတာပဲ လာထိုင်ကြကွာ ”

” ဟုတ်ကဲ့အန်ကယ် ဒါနဲ့ကုမ္ပဏီမသွားဘူးလား ”

” သွားတယ်သား အခုပဲပြန်ရောက်တာ ကဲ မင်းသူငယ်ချင်းကြီးကတော့စွံသွားပြီ မင်းတို့နှစ်ယောက်ရော ဘယ်တော့လဲကွ နီးပြီလား ”

” လိုပါသေးတယ်အန်ကယ်ရယ် ကျောင်းပြီးမှပဲ လက်ထပ်ဖို့စိတ်ကူးထားတယ် ဒါနဲ့ Seungri တို့ရော မရှိကြဘူးလား ”

” မင်းသူငယ်ချင်းတို့ရှိတယ် အန်ကယ်လည်းသူတို့နဲ့တွေ့ချင်လို့စောင့်နေတာအခုထိကိုဆင်းမလာသေးဘူး သားတို့ကိစ္စရှိလို့လဲ ”

” ဟုတ်ကဲ့ ပြောစရာရှိလို့လာခဲ့တာပါ ”

” ဟိုမှာ ပြောရင်းဆိုရင်းနဲ့ လာနေပါပြီ ”

” ဟ Taeyang မင်းတို့နှစ်ယောက်ပါရောက်နေတာ လား အကြောင်းမကြားဘာမကြားနဲ့ ”

This LoveWhere stories live. Discover now