This Love
Part ~ 9
Seungri တစ်ယောက်အရင်ကထက်ကျောင်းကိုစောပြီး ရောက်နေတယ် ဘယ်လောက်တောင်စောလဲဆိုရင် ကျောင်းတံခါးတောင်မဖွင့်သေးဘူး
~ ငါဘာလို့ ဒီလောက်ရင်တွေခုန်နေရတာလဲ ဘာလို့လဲ ဟာကွာ ဒီပုံစံနဲ့ ကြာရင်နှလုံးရောဂါဖြစ်မှာအနှေးနဲ့အမြန်ပဲ
” ဦးလေးကြီ ဒီမှာ လုံခြုံရေးဦးလေးကြီး ကျောင်းတံခါး အခုထိမဖွင့်သေးဘူးလား ”
”ကျောင်းသား ကျောင်းတံခါးက ၇နာရီမှဖွင့်တာလေ အခုမှ ခြောက်နာရီခွဲပဲရှိသေးတာ မဖွင့်ပေးသေးဘူး ”
” ဟာဗျာ ဦးလေးကြီးမဖွင့်မချင်း ကျွန်တော်ကထိုင်စောင့် နေရမယ်လို့ပြောတာလား ”
” ဟုတ်တယ်လေ ”
~ ဟက် ဒီလူကြီးငါ့အကြောင်းမသိသေးဘူးပဲ
” ကောင်းပြီလေ ဦးလေးကြီးက ဖွင့်မပေးမှတော့ ကျွန်တော်က တံခါးကို အခုလိုပဲ ကျော်ပြီးခုန်ဆင်းလိုက်မှာ ပေါ့ ဗျ ”
” ဟိတ် ကျောင်းသား မလုပ်နဲ့လေ ဟာကွာ ဒီကောင်ဘာ ကောင်လဲ ဒီလောက်တားနေတဲ့ကြားက တံခါးကို ကျော်ဆင်းဖြစ်အောင်ဆင်းလာတာ ”
” အဲ့တာ ကျွန်တော့်စတိုင်လ်ပဲလေ ဟဲဟဲ ဦးလေးကြီးကို ပြောသားပဲ ဖွင့်မှမပေးတာဖွင့်မပေးတော့အခုလိုလေးလုပ် လိုက်ရတာပေါ့ဗျာ ဘာခက်တာမို့လို့လဲ ”
” မင်းကိုကျောင်းအုပ်နဲ့ကိုတိုင်မယ် ”
” ဟာ တိုင်စေဗျာ တိုင်စေ ကျောင်းအုပ်က နေ့တိုင်းကျွန်တော့်မျက်နှာ မြင်ရမှစိတ်ချမ်းသာတာလေ ”
” ဒီကျောင်းသား တကယ့်ငဆိုးပဲ ”
လုံခြုံရေးဦးလေးကြီးတောင်မနိုင်ပဲအရှုံးပေးလိုက်ရတယ်
~ ဒီနေ့က ရာသီဥတု သာယာလိုက်တာကွာ နေလို့ထိုင်လို့ ကောင်းလိုက်တာ
” ဒီလောက်ပူလောင်နေတာကို ဘယ်မှာနေလို့ကောင်းတာ လဲ ရူးနေတာလား ”
” ခွေးကောင် ဘယ်တုန်းကရောက်နေတာလဲ ”
” ခုလေးတင်ရောက်နေတာ နေစမ်းပါဦး မင်းကစောစော စီးစီးဘာလာလုပ်နေတာလဲ ”
YOU ARE READING
This Love
Hayran KurguThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...