This Love
Part ~ 3
” ဟျောင့် မင်းပြောတော့သူနဲ့မသိဘူးဆို အခုတော့ မင်းနာမည်ကိုတောင်သူကသိနေပါလား ဘယ်လိုဖြစ်တာလဲ ငါကျောင်းမတက်တဲ့အချိန်တွေမှာ ဘာတွေဖြစ်ထားတာလဲ ”
” ဖြေးဖြေးပြောလည်းရပါတယ်ကွာ မင်းကျောင်းမတက် တဲ့အချိန်တွေတုန်းက ငါတို့မေဂျာဆရာက နေမကောင်း တော့ သူက အစားလာသင်ပေးတာ မေဂျာတူမလား ငါတို့ကအဲ့တော့သူက လာသင်ပေးရင်းနဲ့ ဒီအတိုင်းပဲ သိတာပါကွာ ”
” မင်း သူနဲ့ပက်သက်ပြီး သူ့အကြောင်းဘယ်လောက်သိလဲ မင်းသိသလောက်ငါ့ကိုပြောပြစမ်းပါ ”
” Seungri ya မင်းဘယ်လိုဖြစ်နေတာလဲကွာ ”
” မေးတာသာ ဖြေစမ်းပါ စောက်စကားကိုများတယ် ”
.
” ငါက သူ့အကြောင်းဘယ်လိုသိမှာလဲကွာ မင်းကိုပြောပြ ထားတာ သူ့အကြောင်းအကုန်ပဲလေကွာ ”” ဟာ အဲ့လောက်နဲ့မရဘူး အဲ့ထက်ပိုပြီးသိချင်တာ
အဲ့တော့ မင်း သူနဲ့ပက်သက်တဲ့အရာအားလုံး ငါ့ကိုစုံစမ်း ပေး ငါအကုန်သိချင်တယ် အကုန်လုံးနော် ”” Seungri ya မင်းဘယ်လိုတွေဖြစ်နေတာလဲကွာ ”
” Taeyang မင်းအရမ်းစောက်စကားများပါလားကွာ ငါ့ကိုဘာမှပြန်မမေးပဲ ငါခိုင်းတာသာလုပ်ပါ ”
~ ကျုပ် အခုချိန်မှာခင်ဗျားလေးနဲ့ ပက်သက်သမျှအရာ အားလုံးကိုသိချင်တယ် အဲ့တာဘာဖြစ်လို့လဲလို့ လာမမေးနဲ့ ကျုပ်မှာအဖြေမရှိဘူး ဒါပေမယ့် ကျုပ်သိတာ တစ်ခုက ခင်ဗျားလေးမျက်နှာကို မြင်ရင် ကျုပ်ပျော်တယ်
Ri တစ်ယောက်ကျောင်းမှာတစ်နေကုန်ပြဿနာပေါင်းစုံ တက်ပြီး အိမ်ပြန်လာတယ်
” ဒယ်ဒီရော အခန်းထဲမှာလား ”
” သူဌေးမရှိပါဘူး သခင်လေး ”
” ဘယ်သွားတာလဲ ဘယ်ချိန်ပြန်လာမယ်ပြောလဲ ”
” အဲ့တာက ပြောမသွားဘူး သခင်လေး ”
” နင်တို့တွေ နည်းနည်းပါးပါး မေးထားပါလား ဘာမှကို စောက်သုံးမကျဘူး ”
” တောင်းပန်ပါတယ် သခင်လေး နောက်မဖြစ်စေရဘူး ”
” နင်တို့ ပြောလိုက်ရင်အမြဲတမ်းအဲ့လိုပဲ ”

YOU ARE READING
This Love
FanfictionThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...