Part ~ 10

295 17 2
                                    

This Love

Part ~ 10

ရုံးဆင်းချိန်ရောက်တဲ့ထိ Ri မနိုးသေးတာကြောင့် နှိုးလိုက် တယ်

” သား Seungri ထတော့ အိမ်ပြန်ကြရအောင် ”

” ဟင် ဒယ်ဒီ အလုပ်တွေပြီးပြီလား ”

” ပြီးပြီလေသားရဲ့ နာရီလည်းကြည့်ဦးဘယ်အချိန်ရှိပြီလဲ”

” အာ ဟုတ်သားပဲ သားတော်တော်အိပ်ပျော်သွားတာပဲ ပြန်ကြမယ်လေ ဒယ်ဒီ ”

” အိမ်မပြန်ခင်သားဘယ်သွားချင်လဲ ဒါမှမဟုတ် ဒယ်ဒီနဲ့ အတူတူ အပြင်မှာညစာစားပြီးပြန်မလား ”

” ဒယ် ဒယ်ဒီ တကယ်ပြောနေတာလား ”

အလုပ်ကိုပဲအာရုံရှိပြီး အလုပ်ထဲမှာပဲတစ်ချိန်လုံးအချိန် ကုန် သူ့ကိုတစ်စက်လေးတောင်ဂရုမစိုက်ခဲ့တဲ့ အဖေက အခုသူနဲ့အတူ အပြင်မှာလျှောက်သွားမလား ညစာစားမလားလို့မေးတော့ သူ့နားတောင်သူမယုံနိုင်

” တကယ်ပေါ့သားရဲ့ အခုလိုချိန်ငါ့သားအနားမှာ ဒယ်ဒီရှိ နေသင့်တယ်မဟုတ်ဘူးလား ”

” ဒယ်ဒီ သားခံစားနေရတာမှန်ပါတယ် ဒါပေမယ့် သူ့ကိုရအောင်ယူမှာမို့လို့ သားကိုအသည်းကွဲနေတယ်လို့ တော့ မသုံးနှုန်းလိုက်ပါနဲ့ 😔 ”

” အဲ့ကိစ္စတွေက ထားလိုက်တော့ အခု ဒယ်ဒီနဲ့သားနဲ့ ဘယ်သွားမလဲ ဘာလုပ်မလဲ ဒီညအတွက်ဒယ်ဒီ့အချိန်တွေ ကို သားကိုအပိုင်ပေးလိုက်ပြီ ”

” ရေးး ဟေးး ပျော်လိုက်တာ အဲ့တာဆို သား ဒယ်ဒီနဲ့အတူ Shopping ထွက်ချင်တယ်ပြီးရင် ညစာအတူစားမယ် ပြီးရင် ပြန်မယ် ဒါပဲ ”

” Ok သားသဘော သားစိတ်ကြိုက်ကွာ ”

~ ဒယ်ဒီကတော့ ငါ့ကို အရမ်းခံစားနေရတယ်လို့ထင်မှာပဲ ဆောရီးပဲ ဒယ်ဒီရေ ရုပ်ဆိုးမတစ်ယောက်အတွက် ခံစားရ လောက်အောင်သားရူးမနေဘူး မကြာခင်မှာ အဲ့အခြောက် ရုပ်နဲ့ ရုပ်ဆိုးမဆီကနေ သားသူ့ကိုရအောင်ယူမှာမို့လို့ပဲ ဒါပေမယ့် အခုချိန်မှာခံစားနေရသလိုတော့နေရမှာပေါ့ အဲ့တာမှ ဒယ်ဒီက အခုလိုဂရုစိုက်မှာလေ ဟီးဟီး 😁😁

” သား ကားပေါ်တက်လေ ဘာလုပ်နေတာလဲ ”

” ဟုတ် ဒယ်ဒီ ”

This LoveWhere stories live. Discover now