This Love
Part ~ 27
Jiyong ကိုနှုတ်ဆက်ပြီး Kiko နဲ့စကားပြောဖို့အတွက် Jiyong တို့အိမ်နားက အအေးဆိုင်လေးကို သွားကြတယ် ဆိုင်ရောက်တော့
” Seungri နင်ဘာသောက်မှာလဲ ငါကအခုတလောဘာမှမစားနိုင်ဘူး ပျို့ပျို့ပြီးအန်နေလို့ ”
” ကျွန်တော့်ကို စတော်ဘယ်ရီဖျော်ရည် တစ်ခွက်ပေးပါ ”
” ကဲ နင်ငါ့ကိုပြောစရာရှိတယ်ဆို ပြောလေ ”
” Taeyang နဲ့ငါ တွေ့ပြီးသွားပြီ နင့်အကြောင်းတွေ ပြောပြတယ် အဲ့တာတကယ်ပဲလား မဟုတ်ဘူးမလား ”
” Lee Seungri ငါကမိန်းကလေးပါဟ ယောက်ျားတစ်ယောက်အတွက်နဲ့ ငါသိက္ခာတွေ ငါ့မိဘသိက္ခာတွေချနင်းပြီးတော့မှ မပိုင်ဆိုင်ချင်ဘူး ငါကမဟုတ်ပဲ ပြောပါ့မလား ပြီးတော့နင်က ကိုနဲ့အခုမှတွေ့ဖူးချစ်ဖူးတာ ငါကသူနဲ့ ငယ်ငယ်လေးကတည်းကအတူတူကြီးလာပြီး ချစ်ခဲ့ကြတာပါ နင်မယုံဘူးဆိုရင်လည်း ငါဆေးစစ်ချက်ချက်တွေပြရမလား ”
” တော် တော်ပါပြီငါမကြည့်တော့ပါဘူး နင်ပြောတာမှန်ပါတယ် ဒီလိုကိစ္စမျိုးဆိုတာ အားလုံးနဲ့ရင်းရတာဖြစ်တဲ့အတွက် ငါလက်ခံပါ့မယ် ဒါပေမယ့် ကိုကိုနဲ့ ငါနဲ့က တရားဝင်လက်ထပ်ပြီးသွားပြီ အဲ့တာ နင့်အတွက်ငါဘာလုပ်ပေးရမလဲဟင် ”
” ကိုက သူ့တာဝန်သူယူရမှာလေ ဒီရင်သွေးလေးက သူနဲ့ရတာပဲဟာ သူတာဝန်ယူရမှာပေါ့ အဲ့တော့ နင်ကွာရှင်းပေး ”
” ဘာ ကွာရှင်းပေးရမယ်ဟုတ်လား မဖြစ်နိုင်ဘူး ငါကိုကို့ကို သိပ်ချစ်တယ်မခွဲနိုင်ဘူး Kiko နင်ကိုကိုကလွဲပြီးကျန်တာကြိုက်တာတောင်းဆိုပါဟာ ငါတောင်းပန်နေတာပါ ငါတို့ကိုမခွဲပါနဲ့ ”
” Seungri ငါလည်းတည်ဆောက်ပြီးတဲ့နင်တို့အိမ်ထောင်ရေးကိုဘယ်ပျက်ဆီးချင်ပါ့မလဲ ဒါပေမယ့် ငါက ငါ့ကိုထားလိုက်ထည့်မတွက်နဲ့ လူလားမမြောက်သေးတဲ့ငါ့ရင်သွေးလေး လူ့လောကထဲတောင်မရောက်သေးတဲ့ငါ့ရင်သွေးလေးက ဘာအပြစ်တွေများလုပ်ထားလို့ အဖေမရှိပဲကြီးပြင်းခိုင်းရမှာလဲ ငါ့ကလေးလေးက အပြစ်မဲ့ပါတယ် ငါ့ကိုမငဲ့ရင်တောင် လူ့လောကကိုမရောက်သေးတဲ့ ကလေးလေးကိုစဉ်းစားပေးပါ ”
YOU ARE READING
This Love
FanfictionThis Love Intro ~ Kwon Jiyong ခင်ဗျားကို ကျွန်တော်အရမ်းချစ်တယ် အချစ်မှာ ချမ်းသာတာ ဆင်းရဲတာ ပကာသန တွေ ဘာဆိုဘာမှ မလိုဘူး ခင်ဗျား ဘာတွေကိုကြောက်နေတာ လဲ ကန့်သတ်ထားတဲ့ဘောင်တွေထဲကနေ ရုန်းထွက်ခဲ့စမ်း ပါ ရုန်းထွက်ပြီး ညီ့ရဲ့လက်ကို ရဲရဲတင်းတင်းသာ လက်တွဲ လို...