Part ~ 8

268 19 0
                                    

This Love

Part ~ 8

မနက်မိုးလင်းတဲ့ Jiyong ဆက်တိုက် Ri ဖုန်းကိုခေါ်နေတာ တောက်လျောက်စက်ပိတ်ထားတယ်

~ ပြောတော့အားသွင်းထားတယ်ဆိုပြီး ဘာလို့အခုထိခေါ် လို့မရသေးတာလဲ

” သား ”

” ဗျာ မေမေ ”

” အမေ ညတည်းကမေးမလို့ ဘာလို့လေ့လာရေးခရီးက ချက်ချင်းကြီးပြန်လာတာလဲ ပြောတော့သုံးရက်လောက် ကြာမှာဆို ”

” ဟင် အဲ့တာလား ကျောင်းကဆရာက သူ့အစား စာသင် ခိုင်းလို့ ချက်ချင်းကြီးပြန်လာရတာ ”

” အော် အဲ့လိုဆိုလည်းပြီးတာပါပဲ အမေကတခြားအ ကြောင်းရှိတယ် ထင်လို့ ”

” မရှိပါဘူး အမေရဲ့ ”

” အင်းပါ အမေထမင်းပွဲပြင်ထားတယ် စားလိုက်ဦး”

” အမေက ဘယ်သွားမလို့လဲ ”

” ဈေးဘက်ခဏ လိုအပ်တာသွားဝယ်မလို့ ”

” ဟုတ် ကောင်းကောင်းသွားပါ ”

~ ဟူးး မင်းကြောင့်ကိုယ့်မှာ တစ်ခါမှ မလိမ်ဘူးတဲ့ ကိုယ့် အမေကိုတောင်လိမ်ပြောနေရပြီ မင်းသိပ်ဆိုးပါလားကွာ

Jiyong ထမင်းစားနေရင်းနဲ့လည်းတောက်လျောက်ကို ခေါ်နေတယ်

~ မင်းကဘယ်လိုကောင်လဲကွာ ကိုယ့်အာရုံတွေအားလုံး မင်းဆီရောက်အောင် ဘာတွေများလုပ်လိုက်တာလဲ မင်းနဲ့အဆက်အသွယ်မရမချင်း ကိုယ်စိတ်ပူရတာနဲ့ သေမှာပဲကွာ

အံမယ်ဒီဘက်ကနှစ်ယောက်ကတော့ တစ်ယောက်ပေါ် တစ်ယောက်ခွပြီး အိပ်စက်နေလိုက်ကြတာ

” သခင်လေး သခင်လေး မနိုးသေးဘူးလား ”

အပြင်ကအိမ်အကူတွေလှမ်းနှိုးမှ နိုးလာကြတော့တယ်

” ဟျောင့် Seungri မင်းဝက်ကိုယ်လုံးနဲ့ ခွထားတာ ပေါင်တွေကိုနာနေတာပဲ ”

” အောင်မလေး ဒီလောက်လေးကို စောက်ဖြစ်သည်းနေ တာကွာ Min Hyorin ကျတစ်ကိုယ်လုံးတင်ထားပြီတော့”

” ဟျောင့် ဟျောင့် စကားပြောရင်နိုင်ငံရေးတွေပါမလာနဲ့ ”

This LoveWhere stories live. Discover now