သိုသိပ်မှုအပြည့်နဲ့
ဘဝကို ဖြတ်သန်းကြည့်ချင်တယ်
ကျွန်တော် သည်းခံနိုင်တဲ့ အထိ သည်းခံကြည့်မယ်
မခံနိုင်ရင်တော့......
တစ်နေ့ပေါ့နော်-----______________________________________
At 5:30 PM~~~~~
Ch-5 အဆက်>>>>
"ကဲပြောပါအုံး အခုက ဘယ်လိုဖြစ်တာလဲ???"
မိမိကို ဧည့်ခန်းအတွင်း ဆွဲခေါ်ပြီး coffee နွေးနွေးအစား နွားနို့နွေးဖန်ခွက်က စားပွဲပေါ် တင်ထားသည် မိမိကို ကလေးတစ်ယောက်လိုပင် ခွင့်လွှတ်အကြည့်နဲ့ ကြည့်နေသည် အပြုံးများသည် လှောင်ပြုံးတို့ပင် ပါလာသည် ထင်ရသည်။
"အဲဒါ ဟို မာလကာသီး မာလကာသီးတွေ_"
သူ့ကိုကြည့်ပြီး ဆက်မပြောနိုင်တော့ ခေါင်းငုံ့၍သာ တုန်ရီနေသည် သူကတော့ မိမိပုံစံကို သဘောကျပြီး အသံမထွက်ဘဲ ကြိတ်ရီနေသည် စိတ်ဆိုးပေမယ့် ဘယ်လိုပြန်ပြောရမှန်း မသိ ကိုယ်က အခု အပြစ်သားလို ခံစားနေရသည်....။
"ကဲ ဘာမှဖြစ်မနေတော့နဲ့ စားချင်ရင် ခူးပေးမယ် ဟုတ်ပြီလား??? အဲ့လိုကြီး လျှောက်မတက်နဲ့လေ သူများခြံတွေဆို ဘယ်လိုလုပ်မလဲ???"
"အာ အဲ့ဒါက ကျွန်တော့်အပြစ်မဟုတ်ဘူး မာလကာသီတွေကကို စားချင်စရာကြီး ဖြစ်နေတာကို "
"ဟုတ်ပါပြီ ကဲပါ ဘယ်နှစ်လုံးလောက်စားမှာလဲ အခုစားမှာလား??"
"မသိသေးဘူး လေးငါးလုံးလောက်_"
"ဟား ဟား ဟုတ်ပါပြီ ကဲ ကိုယ်သွားယူလိုက်အုံးမယ်နော် ခဏစောင့် ဒီကောင်ကြီးကိုလဲ ထိန်းထားပေး"
"အာ ကြောက်စရာကြီးကို မလုပ်ပါနဲ့ ကျွန်တော် မထိန်းရဲဘူး"
"ဘယ်နှယ့် ကြောက်စရာကြီး ဒီလောက်ချစ်စရာ ကောင်းတာကို ရော့ပါကွာ"
သူလက်ထဲက ဖိုးညိုဆိုသော မျက်နှာအချေနဲ့ ဝံပုလွေပုံစံ ခွေးပေါက်ကြီး ကျွန်တော့်လက်ထဲ အတင်းထိုးထည့်ပြီး သူကတော့ ချက်ချင်း အခြား အခန်းဘက်သို့.......။
BẠN ĐANG ĐỌC
•Kho(ကိုယ်ရဲ့ခို)(complete)
Lãng mạnခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...