Ch 17 : Neglect

35.7K 2.8K 302
                                    


မဖြစ်​နိုင်​မှန်း သိရက်​နဲ့
ခင်​ဗျားအရိပ်​​အောက်​က
ရုန်းမထွက်​နိုင်​တာ
ကျွန်​​တော်​ ရူး​နေတာ မဟုတ်​ပါဘူး
ခင်​ဗျားကို အရမ်းချစ်​လို့
မစွန့်​လွှတ်​နိုင်​တာပါ.......

×××××××××××××××

(2018-ch-16 အဆက်​)

At 1:00 PM~~~~

"ပျို ဒါ​လေးမဆိုးဘူး​နော်​ ပျို ကြိုက်​တယ်​မလား?? ကိုယ်​မှားထားတဲ့ design​လေးကို"

ကြိုတင်​မှာပြီး ပြုလုပ်​ထား​သော ​စေ့စပ်​လက်​စွပ်​ platinum ကွင်း​လေးကို ကိုင်​ကာ ​ဘေးနားမှ ချစ်​ရသူအား ပြပြီး ​မေး​နေမိသည်​ ပျိုက​တော့ အခြားလက်​စွပ်​​လေး​တွေကို လိုက်​ကြည့်​​နေရာမှ ကျွန်​​တော့်​ဘက်​သို့ လှည့်​၍ ​စေ့စပ်​လက်​စွပ်​အား ကြည့်​ပါ၏.......။

"အင်း လှပါတယ်​ ကိုထိန်​သာရဲ့ ရိုးရိုးရှင်းရှင်း​လေးပဲကို ဒါ​နဲ့ အခြားသူ​တွေလို name​လေး​တွေ မထည့်​​တော့ဘူးလား??"

"ကိုယ်​က​တော့ ဒီအတိုင်း​လေ အဆင်​​ပြေမယ်​ ထင်​တာ အရိုးရှင်းဆုံး​လေး တကယ်​လို့ ပျို သ​ဘောမကျရင်​ ကိုယ်​ပြန်​ပြီး ထည့်​ခိုင်းလိုက်​မယ်​​လေ"

"အာ မလုပ်​ပါနဲ့ ရပါတယ်​ ကိုထိန်​သာ သ​ဘောကျရင်​ ပျိုလဲ သ​ဘောကျပါတယ်​"

အပြုံးနုနု​လေးနဲ့ ချစ်​ရသူသည်​ ကမ္ဘာ ​ပေါ်တွင်​ အလှဆုံး ဆိုရမလို မိမိတို့ နှစ်​​ယောက်​သည်​ သန်​ဘက်​ခါကျလျှင်​ ​စေ့စပ်​ကြ​တော့မည်​ လက်​မထပ်​​သေးသည်​ ဆို​သော်​ငြား တစ်​မျိုးတစ်​ဖုံ​တော့ အချင်းချင်း ပိုင်​ဆိုင်​​နေ​လေပြီ ချည်​ထား​သော သံ​ယောဇဉ်​ ကြိုးများ မမြင်​နိုင်​​သော်​လဲ အတူတစ်​အိုးတစ်​အိမ်​ မ​နေရုံက လွဲလို့ မိမိအပိုင်​ပါဟု ​ကြွေး​ကြော်​လိုက်​ခြင်းပင်​..............။

စေ့စပ်​ပွဲအတွက်​ မုန့်​တစ်​ချို့မှာယူအပြီး ​နေ့လည်​​ရောက်​မှပဲ လက်​စွပ်​ဆိုင်​သို့ ဝင်​ရသည်​ လက်​စွပ်​က​လေးကို ကိုင်​ကြည့်​ပြီး ပြုံး​နေ​သော ပျိုသည်​ လှပမှုအပြည့်​နဲ့မို့ သတိလက်​လွတ်​ ​ငေးကြည့်​​နေမိသည်​ ဤ ကမ္ဘာ ​ပေါ်တွင်​ ဒီမိန်းက​လေးမျိုးကို ပိုင်​ဆိုင်​ခွင့်​ ရခြင်းကိုက ဆုလာဘ်​တစ်​ခု ထို့​နောက်​ မိမိအသက်​သမျှ ချစ်​မြတ်​နိုးသည့်​ သူမ........။

•Kho(ကိုယ်​ရဲ့ခို​)(complete)Место, где живут истории. Откройте их для себя