Ch 7 : falseness

35.4K 2.6K 34
                                    

သိခဲ့သင့်​တယ်​.....
ခင်​ဗျား​ပေးအပ်​ခဲ့တဲ့
မြတ်​နိုးမှု​တွေဟာ ကျွန်​​တော့်​အတွက်​ မဟုတ်​မှန်း
ဒါ​ပေမယ့်
ဘယ်​လိုပဲ ကြံစည်​​နေခဲ့ပါ​စေ ကျွန်​​တော်​က​လေ ချစ်​တယ်​...

______________________________________

At 7:09 AM....

📞 "​နေ့လည်​ ၁၂အ​ရောက်​​နော်​ တကယ်​ ခင်​ဗျား​ကြော်​​ပေးတဲ့ ကြက်​​ကြော်​ကို စားချင်​​နေတာ"

"ဟုတ်​ပြီ အင်း ကိုယ်​က ရုံးမှာ​လေ ​ကျောင်းနဲ့လဲ အ​ဝေးကြီးပဲ"

"လုပ်​ပါဗျာ ကျွန်​​တော်​ စားချင်​လို့ပါ တကယ်​ အတည်​ပါ"

"မဖြစ်​​လောက်​ဘူး ​နေ့လည်​ကျရင်​ ပျို့ကို အတူထမင်းစားဖို့ ​ခေါ်ပြီးပြီ"

"ဘာလဲဗျာ ​ခြေလျင်​ လာရတာမှ မဟုတ်​ဘဲ ကားနဲ့ပဲကို_ ​တော်​ပြီဗျာ အဲ့ဒီ မမပျိုပဲ ဂရုစိုက်​ ကျွန်​​တော့်​ကို လာမ​ခေါ်နဲ့"

မ​ကျေမချမ်းနဲ့ပင်​ လက်​ထဲမှ phကို ဖျစ်​ညစ်​ဆုပ်​လိုက်​ပြီး ရန်​ရှာလိုက်​သည်​ ငါက ဘာလဲကွာ ငါ့ကို ဘာလို့ အ​လေးမထားတာလဲ ??? တဖြည်းဖြည်း အ​ဝေး​ရောက်​သွားသလို ပူပန်​မှုတို့က ဖိစီးလာသည်​........။

လက်​ထဲက phက တုန်​ရီ​နေမှုနဲ့အတူ ​ခေါ်ဆို​နေ​သော ph no သိသည်​ မကိုင်​ချင်​ ခဏ​လောက်​​တော့ စိတ်​ပူ​စေချင်​သည်​ အမြဲတမ်း မိမိကို မမပျိုနဲ့ နှိုင်းယှဉ်​သည်​ အဲ့ဒါကပင်​ ကျွန်​​တော်​ ခံရ ​အောင့်​သက်​သက်​နဲ့ နိုင်​လှသည်​.......။

သမီးရည်းစားမို့ ဂရုစိုက်​တာ မဆန်း​သော်​ငြား ငါက​ရော ဘာ​ကြောင့်​ မနာလို​နေသည်​လဲ????​ အဲ့ဒီ​မေးခွန်းကို အခါခါတလဲလဲ ​မေးဖူးသည်​ သို့​သော်​ အ​ဖြေသည်​ လိုရင်းကို မ​ရောက်​ခဲ့ အဆုံးထိ ​တွေးမယ်​ကြံရင်​ ရင်​တစ်​ခုလုံး ​မောဟိုက်​လာသည်​........။

မှားယွင်း​နေသည်​ မှားယွင်းမှုသည်​ အ​တော်​ဆိုးသည်​ ရပ်​တန့် ပစ်​ချင်​​သော်​ငြား နှလုံးသားသည်​_

ကျွန်​​တော်​လဲ ဒီလိုဘဝမျိုးကို မုန်းတီးမိသည်​ ​သေချာတည်​ရှိမှုနဲ့အတူ မိမိမပိုင်​​ဆိုင်​​တော့သည့်​ နှစ်​သက်​ခြင်းမျိုး........။

•Kho(ကိုယ်​ရဲ့ခို​)(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ