Ch 20 : dilemma

45.1K 3.1K 173
                                    

သူ့ကို ဆုံးရှုံးခဲ့ရရင်
တွေးကြည့်​ရုံနဲ့ ​သွေးပျက်​​နေခဲ့မိတယ်
နီး​နေရင်​ မမြင်​ရဘူး ဆို​လေမလား???
ကိုယ်​​လေ မင်းကို နှလုံးသားနဲ့ရင်းပြီး
မသိဘူး
ရင်​ဘတ်​​တွေ ကမ္ဘာ​တွေ ပျက်​မတတ်​ပဲ
ဥ​ပေက္ခာတရားနဲ့ မရင်းနှီးခဲ့သူမို့..........။

*****************

At 4:09 AM~~~~

ဒီ​နေ့ ရုံးဖွင့်​သည်​ သို့​သော်​ ခန္ဓာကိုယ်​တစ်​ခုလုံး ​ညောင်းကိုက်​ပြီး ဖျား​နေသည်​မို့ ​ချွေးစီးအပူများနဲ့ ကျွန်​​တော်​သည်​ ​အိပ်​ယာထက်​ ​စောင်​ကို ခါးစပ်​ထိ ဆွဲခြုံပြီး ပြတင်း​ပေါက်​ အကြည်​မှ အပြင်​သို့ ​ငေး​နေမိသည်​.........။

မိမိသည်​ အခုချိန်​တွင်​ ​တောင့်​တမက်​​မောစွာနဲ့ ပျိုကို လွမ်း​နေ သတိရ​နေရမည်​ မဟုတ်​လား?? သို့​သော်​ ပျို အ​ကြောင်း​တွေးလိုက်​ပြီး ​ခေါင်းထဲသို့ တိုးဝင်​လာ​သော ထိုက​လေး ပုံရိပ်​ နစ်​​မျောစွာ ​ပျော်​ဝင်​ ​နေမှုက ​ခေါင်းထဲက အတင်းထုတ်​ပါ​သော်​ငြား မရခဲ့...........။

ကျွန်​​တော်​သည်​ ပျို့ကို ချစ်​ပါသည်​ ပျိုသည်​ ကျွန်​​တော့်​ဘဝရဲ့ ချစ်​သူ ဦးဆုံးဖြစ်​သည်​ တကယ်​လဲ နှစ်​သက်​မြတ်​နိုးစွာနဲ့ သူမသည်​ ကျွန်​​တော့်​ရဲ့ ဘဝတစ်​ခုပင်​ သို့​သော်​ လွန်​ခဲ့​သော တစ်​ပတ်​ကစပြီး ကျွန်​​တော်​ မုန်းတီးရွံရှာစွာ ​ရှောင်​ဖယ်​ခဲ့​သော က​လေးငယ်​ကို ​ချစ်​သူ ဆို​သော သူ့​ကောင်​​လေးနဲ့ တွဲ​တွေ့လိုက်​သည့်​​နောက်​ပိုင်း အ​တွေးအားလုံးတို့တွင်​ ထိုက​လေးပါဝင်​လာသည်​..........။

ထိုက​လေးသည်​ သူ့​ကောင်​​လေးနဲ့ အတည်​ပင်​ အဆင်​​ပြေ​နေပုံပင်​ အဲ့ဒီက​လေးနဲ့ အတူရှိတိုင်း သူ့အပြုံး​တွေက လတ်​ဆတ်​လွန်းသည်​ အရင်​တုန်းက ကျွန်​​တော့်​ကို သူ့ချစ်​သူတစ်​ပတ်​ဖြစ်​​ပေးရန်​ ​တောင်းဆိုခဲ့​သော နူးညံ​သော ခို​ပေါက်​နုနု​လေးသည်​ ရင့်​ကျက်​မှုနဲ့အပြည့်​ ကျွန်​​တော်​ မရှိလဲ ဘဝကို ဖြတ်​သန်း​နေနိုင်​ပြီ ဖြစ်​သည်​....။

•Kho(ကိုယ်​ရဲ့ခို​)(complete)Where stories live. Discover now