မသိဘူး
ကျွန်တော် တကယ် မသိဘူး
ကျွန်တော် ဘာကြောင့် ဒီလိုဖြစ်နေလဲ မသိဘူး
ဒါပေမယ့် သေချာ သွားတာက
အဲ့လို သူပြောင်းလဲ သွားတာကို
ကျွန်တော် မခံစားနိုင်ဘူး
ဘာမှန်းလဲ မသိဘူး ကျွန်တော်.............။×××××××××××××××
ပြီးဆုံးခဲ့လေခြင်း.........
ဤနေ့သည် သူနဲ့ မမရဲ့ စေ့စပ်ကြောင်းလမ်းအပြီး ၂ရက် မြောက်နေ့ ........
ကျွန်တော် နေနိုင်ခဲ့လေပြီ ဝေဒနာတို့က စီးပိုးစွာ ခံစားခဲ့ရလို့လား?? မသိဘူး အရေထူနေခဲ့ပြီဗျ ထူးပြီး မခံစားရတော့ဘူး မဆိုးပါဘူး အဲ့လိုဆိုတော့လဲ လောကကြီးကို ခါးစောင်းတင်ပြီး နေလို့ရပြီ ကိုယ့်ကို မချစ်မနှစ်သက်သော လူတစ်ယောက်အတွက် ကိုယ့်ဒီထက်ပိုပြီး မရူးတော့တာ သောက်ရမ်းချေနေသော စောင် crushကောင်ကိုလည်း အခုတော့ ခပ်ချေချေနဲ့ မသိသလိုပင် နေနိုင်လေပြီ............။
စိမ်းသည်ကတော့ အဘွားရှေ့က လွဲ၍ သူစိမ်းပြင်ပြင်ပင် မဆိုးပါဘူး အခုလို အချေအနေမျိုးက ကိုယ့်အတွက် ပိုပြီး အဆင်ပြေနေပြီ........။
လွမ်းတာဆိုရင် နာတာလေးနဲ့ ဖြေသိမ့်ပါ့မယ် ဆိုသလို
ဘဝသည် နေတတ်ရင် ကျေနပ်စရာကြီးပါ ဆေးရုံကို ငါးရက်မျှနေပြီး ချက်ချင်းဆင်းလာခဲ့မိသည် အရာအားလုံး နေလို့ကောင်းသွားပေမယ့် ခေါင်းက ဒဏ်ရာက နည်းနည်းကျက်သွားပြီး လက်တစ်ဖက်ကတော့ ကျောက်ပတ်တီးနဲ့ပင်.........။ကျန်တဲ့လက်တစ်ဖက်နဲ့ပင် phထဲမှ videoတွေ လိုက်ကြည့်နေမိရင်း ဇိမ်အတော်ကျနေမိသည် တစ်ခါတစ်ရံ ပြုလုပ်နေကြ အမှုတွေ အဆင်နည်းနည်းမပြေတာက လွဲလို့ ကျန်တာကတော့ တော်တော်လေး အဆင်ပြေသည် အဓိက ကတော့ နှလုံးသားသည် ဆက်ပြီး မနာကျင်တော့တာပင် တော်တော်ကို ကျေးဇူးတင်ရမည်
YOU ARE READING
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...