Ch 15 : bounding

40.9K 3K 119
                                    

မဖြစ်​လာနိုင်​မှန်း
သိ​ပေမယ့်​ ခင်​ဗျားဆီက
ဂရုစိုက်​မှု​တွေ စိတ်​ပူပန်​မှု​လေး​တွေ​တော့
သာယာမိတာပါပဲ
ဒါ​ပေမယ့်
ကျွန်​​တော့်​အတွက်​ မရည်​ရွယ်​ရင်
ဆက်​မလုပ်​ပါ​တော့နဲ့လား??
ထိန်း​နေရတာ ပင်​ပန်းလွန်းလို့ပါ..........

×××××××××××××××

At 7:09 AM.....

"​ဖိုးခို သက်​သာလားဟင်​"

"ဟုတ်​ မမ ကျွန်​​တော်​ သက်​သာပါတယ်​"

"မင်းလဲ ​နေ​မ​ကောင်းရတာနဲ့ဖိုးခိုရယ်​ မမ​မောင်​​လေး သနားပါတယ်​ "

"ဘယ်​တတ်​နိုင်​မလဲ မမရယ်​ သူ့ဖျားချင်​လို့ ဖျားတာကို ကျွန်​​တော်​လဲ စိတ်​ညစ်​တာ​ပေါ့ နှစ်​ဝက်​examက နီးပြီ​လေ"

"မပူပါနဲ့ ငါ့​မောင်​​လေးက ​တော်​ပါတယ်​ စိတ်​မပူနဲ့ မင်းမှ ကျရင်​ တစ်​တန်းလုံး ကျမှာပဲ roll 1ကြီးကလဲ??"

"အဲ့လိုလဲ မဟုတ်​ပါဘူး မမရယ်​ စာက လုပ်​ရတာ အဆင်​​ပြေပါတယ်​ ဒါ​ပေမယ့်​ ဖျားလို့ ပင်​ပန်းတာ နုံးတာက ဆိုးတာ စိတ်​ညစ်​ပါတယ်​"

"ကဲ အင့်​ ဟာ"

"အာ မမ ဘာလုပ်​တာလဲ ​နေ​မ​ကောင်းလို့ အသား​တွေ နာ​နေပါတယ်​ ဆိုမှ"

"-----"

မိမိမှာ ​နောက်​ထပ်​ဘာမှ မ​ပြောနိုင်​​တော့ပဲ သူ့ကိုသာ ​ငေးကြည့်​​နေမိသည်​ ဒီက​လေးသည်​ စိတ်​ဆိုးသလို ဟန်​​ဆောင်​တဲ့ အချိန်​တိုင်း နူတ်​ခမ်းသား ရဲရဲ​လေး​တွေကို စူထားသည်​ ပါး​လေးနှစ်​ဖက်​ ​ဖောင်း​နေပုံက အူယားစရာ ​ကောင်းလှတာမို့ ဆွဲဖျစ်​ညစ်​မိခြင်း.......။

"ကဲ ဘာစားမလဲ မမလုပ်​​ကျွေးမယ်​ ဒီ​နေ့ ပိတ်​ရက်​ဆို​တော့ မမကို ​မောင်​​လေး စိတ်​ကြိုက်​ပူဆာလို့ ရတယ်​"

"​နေပါ​စေ မမ ရယ်​ ရပါတယ်​ မမပဲ အလုပ်​နားရက်​​လေးကို သက်​​တောင့်​သက်​သာ​နေ​ပေး​နော်​ မမ ပင်းပန်း​နေတာကို"

•Kho(ကိုယ်​ရဲ့ခို​)(complete)Where stories live. Discover now