Ch 16 : break

37.4K 2.7K 101
                                    

ကိုယ်​ကိုတိုင်​ မဖြစ်​သင့်​လို့
ဘောင်​ခတ်​လိုက်​တဲ့
စည်း​တွေက ယဲ့ယဲ့​လေးပါ.....
ဒါ​ပေမယ့်
ဆက်​ပြီး ရူးမိုက်​စွာ ဖြတ်​​ကျော်​ဖို့​တော့
အသိတရားက ကြီးမားလွန်းလို့.......

×××××××××××××××

At 7:09 AM~~~

ဒီ​နေ့သည်​ ကျွန်​​တော့်​ ကိုးတန်းနှစ်​ဝက်​ ​ဖြေအပြီး သီတင်းကျွတ်​ ပိတ်​ရက်​ဖြစ်​သလို မမနဲ့ အကိုသည်​လည်း ​စေ့စပ်​​ကြောင်းလမ်းရန်​ ပြင်​ဆင်​​နေပြီဖြစ်​သည်​ အတိအကျ ​ပြောရလျှင်​ ​စေ့စပ်​ပွဲအတွက်​ ​မှာထား​သော စေ့စပ်​လက်​စွပ်ကို သွားယူအပြီး လိုအပ်​သည့်​ အစားအ​သောက်ပိုင်းကိုလဲ ပြင်​ဆင်​ ​နေခြင်း............။

ဧည့်​ခန်းမှာ movie song​တွေ ကြည့်​ပြီး relaxလုပ်​​နေ​သော ကျွန်​​တော်​သည်​ အသံဟူသမျှ မကြားသလိုနဲ့ပင်​ remote control ကို ကိုင်​ကာ အသံအတိုးအချဲ့လုပ်​​နေမိသည်​ အနည်းငယ်​​တော့ ရင်​နင့်​​စေ​သော စကားတို့ကို မကြားရသည်​ပဲ..........။

ကြာ​တော့လဲ မဆိုး​တော့ မဆိုးပါဘူး ကိုယ်​ရူးမိုက်​စွာ သ​ဘောကျခဲ့ဖူးတဲ့ လူတစ်​​ယောက်​က ကျွန်​​တော့်​​ရှေ့တွင်​ပဲ ကျွန်​​တော့်​ရဲ့ ​ယောက်​ဖ​လောင်းအ​နေနဲ့ အ​ရောက်​လှမ်းခဲ့တာ အငိုမျက်​လုံး အပြုံးမျက်​နှာပဲ ကြားခဲ့ဖူးတာ နှလုံးသား​တွေ ကွဲ​ကြေ​နေပြီး ပြုံး​နေဖို့ဆိုတာ ဟင့်​ မဆိုးပါဘူး.. .....

မေ့နိုင်​​အောင်​ ကြိုးစားတဲ့........။
တော်​လိုက်​တာ တစ်​ခွန်းတည်းနဲ့ နှလုံးသားတစ်​စုံလုံး ဆုပ်​​ချေသွားတာ ​ပြောတာ​တော့ လွယ်​တယ်​ဗျ လက်​​တွေ့ လုပ်​ဖို့ဆိုတာ ဟင်း.......။

ကျွန်​​တော်​က ပိုပြီး​တော့​တောင်​ ​မေ့ပစ်​ချင်​ခဲ့​သေးတာ ဘယ်​လိုမှ မဖြစ်​နိုင်​ဘူး​လေ မသိသလို မချစ်​သလို ဟန်​​ဆောင်​ရတာလဲ ပင်​ပန်း​နေပြီ သူများ​တွေက​တော့ ကျွန်​​တော့်​ကို ကြည့်​ပြီး အားမလို အားမရဖြစ်​တယ်​ ရူးနှမ်းတယ်​လို့ ထင်​ကြမယ်​ ဒါ​ပေမယ့်​ ခံစားရတဲ့ လူက ရင်​ဘတ်​ကြီးနဲ့ အပြည့်​ပဲ............။

•Kho(ကိုယ်​ရဲ့ခို​)(complete)Wo Geschichten leben. Entdecke jetzt