ခပ်ရွဲ့ရွဲ့နေတတ်ဖို့ ကြိုးစားတယ်
ပြောစကားနားမထောင်ဘဲ
ဂျစ်ကန်ကန် နေကြည့်တယ်
အဲ့ဒီ အရာတွေ အားလုံးက
လုပ်ယူခဲ့တာတွေချည်း
ခင်ဗျားဆီက attention တစ်ခုကို ရယူချင်လို့ပေါ့~______________________________________
2018~~~~~~~
At 8:45 AM-
ယနေ့သည် ကျွန်တော်ရယ် ဘွားရယ် မမရယ် ဟိုလူကြီး
အားလုံးသည် ဖြူစင် သန့်ရှင်းမှု အပြည့်နဲ့ မမနဲ့ ထိုလူကြီးနဲ့က တစ်တွဲ ကျွန်တော်နဲ့ ဘွားမိုး(ဒေါ်မိုးခင်)နဲ့က လက်ချင်းချိတ်လျက်။မမနဲ့ ထိုလူကြီးကတော့ ကျွန်တော်တို့ရှေ့မှာမို့ လက်ဖက်ညီညီ အတွဲလှလှရှိပါသည် သစ်ခွရောင် စတစ်လက်ရှည်နဲ့ ယောပုဆိုး အနက်လေးနဲ့ ထိုသူအတွက် ပဏာသင့်သော ဝတ်စားဆင်ယင်မှုပင် မမကတော့ အစိမ်းရင့်ရောင် ချည်ဝမ်းဆက်လေးဖြင့် ကော်ဖီရောင် ဆံနွယ်လေးတွေကို ဖွတ်မြီးထိုးထားသည်။
မိတ်ကပ်ထက် သနပ်ခါးပြေပြေလေးနဲ့ မမရဲ့ အလှသည် ကျက်သရေအပေါင်း ခညောင်းမှုအပြည့် တန်ဖိုးကြီး အဆင်တန်ဆာများ ဆင်ယင်ထားခြင်း မရှိဘဲ ရိုးရိုးလေးနဲ့ မမသည် ထိုလူကြီးနဲ ရှေ့သွားနောက်လိုက်ညီလှသည်။
ကျွန်တော်ကလား?? မဝတ်တတ် ဝတ်တတ် မွန်လုံချည်အနီနဲ့ စတစ်အဖြုနဲ့လေ ကြောင်တောင်တောင် ရှိလှသည် ခေါင်းထက် ဆံပင်များက လေတိုက်ရာနောက် တလွင့်လွင့် ရင့်ကျက်ခြင်းတို့ မရှိ အထက်အောက် မလိုက်စွာပင် ကိုးရိုးကားယား နိုင်လှသည်။
"ဟဲ့ သားမှီ ဘာဖြစ်နေတာလဲ?? မမတို့ကို ငေးပြီး ဘာတွေးနေတာလဲ??"
"ဘာမှမဟုတ်ပါဘူး ဘွားမိုးရာ မမနဲ့ အဲ့ဒီ လူကြီးက လိုက်ဖက်လို့ ငေးကြည့်နေတာပါ"
"ဟင်း လိုက်ဖက်ရမှာပေါ့ ဘွားရွေးထားတဲ့ လူပဲ လူရည်မွန်လေး"

YOU ARE READING
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...