Ch 13 : Recover

38.5K 3.1K 188
                                    

ရူး​လောက်​​အောင်​ ချစ်​ခဲ့မိလို့
ထင်​ပါတယ်
မ​မေ့​လောက်​တဲ့ သတိရခြင်း​တွေထဲမှာ
အကိုနဲ့ ရှိခဲ့ဖူးတဲ့ အတိတ်​က​တော့
ကျွန်​​တော့်​ နှလုံးသားအတွက်​ အခမ်းနားဆုံးပါပဲ

××××××××××××××××××××××

At 6:05 AM...

မနက်​ခင်းတစ်​ခုက​တော့ အစပြုခဲ့​လေပြန်​ပြီ အသက်​သည်​ တစ်​ရက်​ကြီး ​ပုခက်​နဲ့ ​ဝေး၍ အ​ခေါင်းနဲ့လဲ နီးခဲ့​လေပြီ မျက်​ဝန်းတို့ကို ကြိုးစားဖွင့်​သည်​ မိုးတွင်းမို့ မိုးက​တော့ ထုံးစံအတိုင်း ညဘက်​ အညှိုးကြီးစွာ ရွာခဲ့သမျှ မနက်​ခင်းမှာ​တော့ သူမဟုတ်​ခဲ့သလိုပင်​........

အခုဘယ်​နှစ်​နာရီ ​ဘေးနားက ရှိ​နေဆဲ phကို ယူကြည့်​လိုက်​ပြီး

"အင်း ၆ နာရီ​တောင်​ တီးပြီး​နေပြီ ခါတိုင်း ထိုက​လေး ​ခေါ်​နေကျပါ ဘယ်​လိုဖြစ်​တာလဲ???"

ထူးဆန်းသိလို ရှိလှတာ​ကြောင့်​ သူ့phထဲမှ call log​တွေ မှန်​သမျှ လိုက်​ကြည့်​​နေမိသည်​ ထိုက​လေးph noကို အ​ရေးမထား ဂရုမစိုက်​ခဲ့​သော်​ငြား မသိစိတ်​က​တော့ အလွတ်​ရ​နေပြီ........။

"ဟမ်​"

မျက်​​မှောင်​ကြုတ်​ပြီး missed callထဲသို့ အခါခါဝင်​ကြည့်​ပါ​သော်​ငြား ထူးမခြားနားခဲ့ မိမိphမှ မြှားနီ​လေးများနဲ့ missed callများသည်​ ထိုက​လေး၏ အဝင်​​callများသာ.......။

တစ်​ခါတစ်​ရံ မသိ၍ မကိုင်​သည်
တစ်​ခါတစ်​ရံ ​သော်​ငြား သိသိနဲ့ပင်​ ပင်​ပန်းတာ​ကြောင့်​ ringtone သံကို နားဆင်​ ph screen အလင်းပြန်​​နေသည်​ကိုသာ ခိုင်​ကြည့်​​နေခဲ့မိသည်​......။

မ​နေ့က မိမိ ဘာဖြစ်​ခဲ့သည်​လဲ??
သေချာသည်​ ကျွန်​​တော်​ ဖျား​နေခဲ့ခြင်း မထနိုင်​​အောင်​ကို ပင်​ပန်းခဲ့တာ ​နောက်​ ​နောက်​​တော့ ထိုက​လေး ကျွန်​​တော့်​ဆီသို့.........။

ဦး​နှောက်​ဆိုသည်​က တရိပ်​ရိပ်​ အသိ​ပေး နှလုံးသားကလဲ ခံစားတတ်​ခဲ့တာမို့ သူ့အ​ပေါ် ရက်​စက်​သလိုဖြစ်​ခဲ့မိသည်​ကိုပင်​ အားနာသ​ယောင်​ ဖြစ်​​နေခဲ့သည်​.......။

•Kho(ကိုယ်​ရဲ့ခို​)(complete)Where stories live. Discover now