Ch 19 : J

42.1K 2.9K 209
                                    

မသိဘူး
သဝန်​တိုပါတယ်​ဆိုတဲ့ စိတ်​ကို​တော့
အချစ်​ပါလို့ မျဉ်း​တွေ ​ဘောင်​​တွေ ဆွဲပြီး
မသတ်​ချင်​ဘူး
ဒါ​ပေမယ့်
ဘာ​ကြောင့်​ သဝန်​တိုတာလဲ ဆိုတာကို
ဆက်​ပြီး မ​​တွေးချင်​​တော့ဘူး......

***********

At 10:09 PM~~

"သူက ဘယ်​သူလဲ မင်းသိလား??"

"ဟမ်​"

"မင်းနဲ့ အတူရှိ​နေတဲ့ ​ကောင်​ကို ​ပြော​နေတာ"

lover seat​ပေါ်မှာ ထိုင်​ပြီး ထက်​ကြီးအ​ကြောင်းအ​တွေများ​နေစဉ်​ ကား​မောင်း​နေရာမှ ပထမဆုံးထွက်​လာ​တဲ့ စကား သူ့ကို ကြည့်​မိစဉ်​မှာ​တော့ ပုံမှန်​အတိုင်းပါပဲ အသံသည်​ နည်းနည်း ကြိတ်​ခဲထားမှု​ကြောင့်​ တုန်​ရီ​နေတာက လွဲလို့.........။

သိတယ်​တဲ့လား?? ဟား သိတာ​ပေါ့ဗျာ သူက best fri လဒ​ကောင်​ အ​ပေါကြီးကို အရမ်းသိတာ​ပေါ့ သို့​သော်​ ဇာတ်​လမ်း ဇာတ်​ကွက်​​တွေက စဉ်​ပြီးသားမို့ ထက်​ကြီး ညွန်းတဲ့ ဇာတ်​ညွန်းထဲမှာပဲ က ဖို့ စိတ်​ကူး​တော့မည်.......။

"သိတာ​ပေါ့"

"မင်း အဲ့လို ​ပေါ့ပျက်​ပျက်​ ​လေး မ​တွေးနဲ့ မင်း မင်းကွာ ဒီအချိန်​ကြီး လမ်း​ပေါ်မှာ နှစ်​​ယောက်​တည်း အဲ့​ကောင်​ မင်း အ​ပေါ်တစ်​ခုခု လုပ်​သွားမှာ မ​ကြောက်​ဘူးလား??"


သူက​တော့ steering wheelကို ကိုင်​ပြီး ကျွန်​​တော့်​ဘက်​ လှည့်​တကြည့်​ကြည့်​နဲ့ပင်​ အားမရနိုင်​စွာ ​ပြောသည်​က​တော့ ဘာ​ကြောင့်​လဲ မသိ မစဉ်းစားချင်​​တော့........။

"မ​ကြောက်​ပါဘူး သူက ကျွန်​​တော့်​ကို မြတ်​နိုး​နေတဲ့ သူပဲ ကျွန်​​တော့်​ကို ထိခိုက်​​အောင်​​တော့ မလုပ်​​လောက်​ပါဘူး"

"မင်း မင်း ဘာမှ မသိပါဘူး သူ သူ့ပုံစံက တစ်​မျိုး_"

"ဟင့်​ ဘာတစ်​မျိုးလဲ?? လမ်း​ဘေးဒီဇိုင်းနဲ့လား?? ဂျ​လေပီ ပုံစံနဲ့မို့လား?? မထင်​နဲ့ဗျ သူက တကယ့်​အ​ကောင်​ကြီး သူ့အ​ဖေကလဲ လုံးဝထိပ်​ပဲ"

•Kho(ကိုယ်​ရဲ့ခို​)(complete)Where stories live. Discover now