Second day 💔At 8:45 AM......
Ring.>>>>>>>>
ဘေးနား ခုံပေါ်မှ ph vibrateသံ ကြားနေရသော်ငြား ခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲနေတာကြောင့် မိမိမှာ လှုပ်ဖို့ပင် အားအင်မရှိတော့ ဘယ်သူခေါ်ဆိုနေသည်လဲ မိမိမကြည့်လဲ သိသည် .....။
တစ်ကိုယ်လုံး ကိုက်ခဲနေပြီး မောဟိုက်တုန်ရီနေသည် ခြေချင်းဝတ် ခြေသလုံးသားတွေ နာကျင်နေပြီး ထဖို့ အင်အားမရှိ မျက်လုံးများလဲ ကျိန်းစပ်ပူလောင်နေပြီ သိပါသည် မိမိသည် ရာသီတုပ်ကွေးဒဏ်ကို ခံစားနေရသည်.........။
Vibrateသံ တမြည်မြည်နဲ့ မကိုင်မချင်းခေါ်ပုံရတာကြောက့် မိမိမှာ တရွေ့ရွေ့နဲ့ပင် phကို အားပြု ယူရသည် phကို မနည်းကိုင်ရပြီး📞 "HELLO"
"အကို အကို့အသံ တစ်မျိုးကြီးပဲ နေရော ကောင်းလားဟင်"
"ကောင်း ကောင်းပါတယ်"
အားတင်းပြီး မရိပ်မိအောင် ဖျစ်ညှစ်ပြီး ပြောလိုက်ပေမယ့် ထိုကလေး ဆိုသည်မှာတော့
"ဘာကောင်းရမှာလဲ အကို ဖျားနေတာကို အခု အိမ်မှာ တစ်ယောက်တည်းလား?? ဘယ်သူမှ မရှိဘူးလား??"
"အင်း ရ ရတယ်"
"ဘာ ရတာလဲ?? ခင်ဗျား ဒီလောက် ပင်ပန်းနေတာကို အခုချိန်က တုပ်ကွေးချိန်ဗျ ဆင်တုပ်ကွေးတွေ ဖြစ်နေတာ မလွယ်ဘူး အဲ့ဒီ အဖျားက မဖြစ်ပါဘူး ခင်ဗျား တစ်ယောက်တည်း မဖြစ်ဘူး ကျွန်တော် လာခဲ့မယ်"
"မလာနဲ့ ငါ ငါရတယ်"
"မရဘူး ကျွန်တော်ကတော့ လာဖြစ်အောင် လာခဲ့မယ် ခင်ဗျား တစ်ယောက်တည်းနဲ့ ဘယ်လိုဖြစ်မှာလဲ??"
"မလာပါနဲ့ဆိုကွာ မင်း ငါ့ကို အဲ့လိုလုပ်ရင် သုံးရက်တောင်မင်းချစ်သူအဖြစ် နေမပေးတော့ဘူးနော်"

BINABASA MO ANG
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...