Ch-5:feeling

39.8K 3.1K 32
                                    


အချစ်​က အဲ့​လောက်​ ပု​လောင်​မှန်း သိရင်
ကျွန်​​တော်​ ခင်​ဗျားကို သ​ဘောမကျခဲ့ပါဘူး
အချစ်​ဆိုတာမျိုးက မဖြစ်​သင့်​ဘူး ထင်​ရင်
ပိုပြီး မိုက်​ရူးရဲ ဆန်​တာမျိုး.......

______________________________________

[2018]

At 3:00 PM~~~~

Wednesday -----

ယ​နေ့သည်​ ကျွန်​​တော်​တို့ အတွက်​ tutionကင်းလွတ်​​သော အခါသမယ....။

မိုးတဖွဲဖွဲနဲ့မို့ ​နေသာ ထိုင်​သာ ရှိ​သော်​ငြား မိုးရာသီ မကြိုက်​သူ အဖို့ အလွန်​ပင်​ ဆိုးရှာလွန်းသည်​ မိဝင်းတို့ကို နူတ်​ဆက်​ပြီး ကျွန်​​တော်​ တစ်​​ယောက်​တည်း နီးရာမှတ်​တိုင်​နား ဝင်​ခိုနားသည်​ တစ်​ခါတစ်​ရံ ​ပြေးသွားလိုက်​ နားလိုက်နဲ့ ကျွန်​​တော်​တို့ လမ်းပိုင်းပင်​ ​ရောက်​လာ​ချေပြီ။

အိမ်​ကို အကြိုမ​ခေါ်မိ အိမ်​ကလဲ tution တက်​​နေသည်​ ထင်​၍ ph ဆက်​ခြင်း အမှုမပြုခဲ့ tutionက ၅ခွဲမှာ ပြီးမှာမို့​ ကျောင်းနဲ့အိမ်​ အိမ်​နဲ့tution မွန်းကြပ်​လာ​သော ဘဝတစ်​ခုအတွက်​ ဖွင့်​ထုတ်​ရန်​ နာရီ အနည်းငယ်​ ရသည်​။

မိမိသည်​ ကိုးတန်းနဲ့ပင်​ အတန်​အသင့်​ အရပ်​ခန္ဓာကိုယ်​နဲ့ ​မွေးဖွားခဲ့​သော်​ငြား ထီး​ကောက်​နဲ့ပင်​ အဆင်​​ပြေ​သော မိုးရာသီတွင်​ ထီးတကိုင်​ကိုင်​နဲ့ပင်​ ​လျှောက်​မသွားချင်​တာ​ကြောင့်​ အ​ရောင်​မှိုင်းမှိုင်း မိုးကာအဖြူကြီး တလွင့်​လွင့်​နဲ့ duty coat အလား??။

မိုးတဖွဲဖွဲနဲ့ ည​နေခင်းသည်​ တဖြည်းဖြည်း သည်းခြင်းသို့ ​ရောက်​ခဲ့​လေပြီ လမ်းမထက်​ မိုး​ရေ​မိုး​ပေါက်​ ကျဆင်းသံများက ဆူညံ​နေသည်​ အရည်​ပါ​သော မိုးများ​ကြောင့်​ လမ်းမထက်​ ​ရေအိုင်​များက ချက်​ချင်းပင်​ ​နေရာယူလာ​လေပြီ။

လမ်း​ဘေး​ဘောင်​မှ ရပ်​ပြီး ​​ဟိုကြည့်​ ဒီကြည့်​ဖြင့်​ ဖြည်းညှင်းစွာ ​လျှောက်​​နေမိသည်​ လမ်း​တစ်​​လျှောက်​လုံးတွင်​ စိန်​ပန်းပင်​​တော်​​တော်​များများက အရိပ်​သဖွယ်​ အကာအရံ​ပေးပါ၏။

•Kho(ကိုယ်​ရဲ့ခို​)(complete)Where stories live. Discover now