ချစ်ခဲ့မိပါတယ်.. .......
ရူးမိုက်စွာနဲ့ မျှော်လင့်ခဲ့ဖူးတယ်
သို့သော်
သူမကြင်ရာမို့ ကိုယ်စစ်မှန်ခဲ့ပေမယ့်
ပေးသမျှ အဆိပ်အတောက်တွေလို ဖြစ်လို့်
နာကျင်ရပါတယ်
ဒီနှလုံးသားလေး.........×××××××××××××××
At 9:09PM....(2018)
နေမကောင်းဖြစ်စဉ်အတွင်း သုံးရက်မျှ ကျောင်းပျက်လိုက်တာကြောင့် ကျောင်းတော်ကြီးသည် မိမိနဲ့ အတန်ငယ်စိမ်းနေလေပြီ ကျောင်းကြီးကတော့ သဘာဝအတိုင်း ရှိမြဲရှိစဲပေမယ့် ကျွန်တော့်ရဲ့ စိတ်အစဉ်ကတော့.......။
အပြင်မှာ တဖွဲဖွဲကျနေသော မိုးရေစက်များကို ငေးကြည့်ပြီး အတွေးတို့သည် ကူးကာ လွင့်ကာဖြင့် အတန်းတက်ချိန် ဖြစ်သော်ငြား teachelကို ကျောင်းအုပ်က ခဏ ခေါ်သွားသည်မို့ မိမိတို့မှာ အိမ်စာများနဲ့ ပြည်တော်သာနေသည်........။
မိုးတဖွဲဖွဲ၌ အပြင်က ကျောင်းရှေ့မှ အလံတိုင်မှလဲ အလံက တလူလူ တလွင့်လွင့် ကျောင်းဆောင်များမှာ ကပ်ရပ်ဖြစ်တာကြောင့် ခပ်ဖွဲဖွဲ မိုးလေးက သွပ်အမိုး ရေကျသံများသည် စာသင်သံများကို မဖုံးလွှမ်းနိုင်ခဲ့....။
အလံတိုင်ဘေးမှ ငုဝါပန်းများသည်လဲ ဝင်းဝင်းဝါဝါနဲ့ပင် မကြာမီပင် မိမိတို့သည် နှစ်ဝက်စာမေးပွဲအပြီး သတင်းကျွတ် ပိတ်ရက်လဲ ရှိသည် အခုချိန်အတွင်းကတော့ tutorial, tution,ကျောင်း နပန်းလုံးနေရသည် ဒီအကြားထဲ မိမိက ဖျားလိုက်သေး.........။
"ကျွတ်! အ!"
အိမ်စာအပြီး ရှုပ်လာသာ ဦးနှောက်ကလေးကိုrelax ပးသည့်အနေဖြင့် ကျောင်းပတ်ဝန်းကျင်ကို ငေးရှုနေစဉ်ဘေးနားက အဝင်းမှ လက်ကို တွန်းလိုက်တာကြောင့် ချော်ထွက်သွားသော ဘောပင်နဲ့အတူ အနာကပ် ပလာစတာ ကပ်ထားသော မိမိလက်လေးသည် ချက်ချင်းဆိုသလို နာကျင်လာတာကြောင့်.....။

ŞİMDİ OKUDUĞUN
•Kho(ကိုယ်ရဲ့ခို)(complete)
Romantizmခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...