နုနယ်လွန်းတယ်
အချစ်ဆိုတာမျိုးကို
ကျွန်တော် ကြည့်ခဲ့ဖူးတဲ့ animesတွေနဲ့
ရုပ်ပြတွေကပဲ နားလည်ခဲ့တာ
နူးညံ့သလောက် ပင်ပန်းရတယ်
ကျွန်တော် HEတွေပဲ ကြည့်ပြီး
Dramaနဲ့ဝေး real endingကို မေ့နေခဲ့တယ် ထင်ပါတယ်~~~_____________________________________
ပြောင်းလဲလာခြင်း~~~~
2018(Past)
At 9:00 AM ~~~~~~
အ.ထ.က(၁)၊(-----------)
စိတ်ဓာတ် ၊စည်းကမ်း၊ပညာ
ကျောင်းနေပျော်၍ စာတော်ရမည်။
အစိမ်းအောက်ခံ အဖြူစာတန်းများဖြင့် ကျောင်းဆောင်ပုဒ်များကို စာသင်ဆောင်မှ ဝိုးတဝါး လှမ်းမြင်နေရသည်
နယုန်လမို့ မိုးဖွဲဖွဲလေးများက ဝန်းကျင်တစ်ခုလုံး ပိုင်စီးထားသည် နားထဲမှာ တိုးဝင်လာသော ဘောဂဗေဒ ဆရာမ၏ ကုန်စည်နဲ့ ဝန်ဆောင်မှုကိုလဲ အားရုံမစိုက်နိုင်တော့။တစ်နေ့က တွေ့ခဲ့သည့်သူ အမြဲတမ်း ပြုံးနေသယောင် သူ့မျက်နှာလေးက လုပ်ယူထားမှု မရှိ ပကတိ ဖြူစင်သန့်ရှင့်းလွန်းသည် အနိုင်ကျင့်သမျှ သည်းခံသည်။
နက်မှောင်သော ဆံပင် နှာတံပေါ်ပေါ် ရင့်ကျက်မှုနဲ့ သူ့မျက်နှာသည် ချောသည် ဆိုတာထက် ပိုသည်။
"ခိုလေး"
"အမ် ဗျာ "
"မတ်တပ်ရပ်စမ်း roll 1 တစ်တန်းလုံးရဲ့ စံပြဖြစ်ပြီး ဘယ်ကို ငေးနေတာလဲ?? ငါ သင်တာ စိတ်ဝင်စားဖို့ မကောင်းလို့လား??"
"မဟုတ်ပါဘူး ဆရာမ ကျွန်တော် နားထောင်နေပါတယ်"
"အဲ့ဒါဆို economy ဆိုတာ ဘာလဲ ပြောစမ်း"
"Economy ဆိုတာ အိမ်ထောင်စုတစ်ခုကို စီမံခန့်ခွဲခြင်းပါ Eco-အိမ်ထောင်စု,nomy-စီမံခန့်ခွဲခြင်း Greece ဘာသာစကားက ဆင်းသက်လာတာပါ ခင်ဗျ"
(N-ကျောင်းပြန်နေသော စာများအား မနည်းအတင်းဆွဲခေါ်ထားခြင်း ဒီနေရာမှာ အမှန်သိတဲ့ starsလေးတွေ ပြင်ပေးဖို့ မျှော်လင့်ပါတယ်🙏)
YOU ARE READING
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...