ဘဝမှာ ဘာက အနာကျင်ဆုံးလဲ သိလား???
မိမိ မြတ်နိုးရသူက
မိမိရှေ့မှာ အခြားတစ်ယောက်ကြောင့်
အရူးတစ်ပိုင်း ခံစားနေရတာကိုပဲ
ငေးကြည့်ရုံပဲ တတ်နိုင်ခဲ့တာ
ဖြေသိမ့်ပေးရုံပဲ တတ်နိုင်ခဲ့တာ
ဝေဒနာကို ပျောက်အောင် ကုသ ပေးတဲ့ လက်တစ်စုံက
မိမိ မဟုတ်ဘူး ဆိုတဲ့ အသိက........။××××××××××××××××××××××××××××××××
At 8:09 PM.....
📞"Hello"
ခေါ်ဆိုနေသည်က မိမိ မြတ်နိုးရသူမို့ အလျင်အမြန်ပင် ကိုင်လိုက်မိသည်...။
"ဟုတ်ကဲ့ ညီလေး ညီလေး ph no က ဒီphထဲမှာ တွေ့လို့ အကိုခေါ်လိုက်တာပါ"
"သြော် ဟုတ် ဟုတ်ကဲ့"
အသံက မရင်းနှီးသော အသံ ဝန်းကျင်သည် မှောင်မိုက်နေမှန်း သိသာသည် အသံတို့က ဆူညံနေသည် သူ့ph က ဘယ်လိုများ သူများဆီ ရောက်နေတာလဲ?? အတွေးစတို့က ရောက်တက်ရာရာ စဉ်းစားလိုက်တာမို့ ရင်တွေ ပူလောင်လာသည်.......။
ကျွန်တော့်ကို စိတ်ပူအောင် မလုပ်ပါနဲ့ဗျာ....။
"အေး ညီလေး ph ပိုင်ရှင်ကလေ clubမှာ တော်တော် အဆင်မပြေတော့လို့ အကိုတို့လဲ ထိန်းမရတော့ဘူး"
"ဗျာ အခု သူက clubမှာလား??"
"ဟုတ်တယ် ညီလေး အရက်တွေ အမျာကြီး သောက်ပြီး မောက်သွားတာ နောက်ပြီး ဂယောင်ကရမ်းနဲ့ သူ့ကြည့်ရတာ အဆင်မပြေဘူး"
"ဗျာ တော်တော်လေး စိုးရိမ်ရလား?? အကို"
"စိုးရိမ်ရလား ဆိုတော့ အရမ်းကြီး မစိုးရိမ်ရပါဘူး ဒါပေမယ့် သူ အိမ်တော့ မပြန်နိုင်လောက်ဘူး တော်တော်လေးလဲ အန်နေတာ"
"အာ ဟုတ်ကဲ့ ကျွန်တော် သိပါပြီ သူက အခု ဘယ်မှာလဲ???"
"Youth clubမှာပါ မြန်မြန်လေး လာခဲ့ပေးနော် သူကြည့်ရတာ အဆင်မပြေလို့"
"အော် ဟုတ် ဟုတ်ကဲ့ ကျွန်တော် အခုပဲ ထွက်လာပြီနော် ခဏ ခဏလောက်တော့ သူ့ကို ထိန်းထားပေးပါ ကျေးဇူးပြုပြီး"
YOU ARE READING
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...