အားငယ်သလို သိမ်ငယ်နေတဲ့
ခင်ဗျားမျက်ဝန်းတွေကို
မုန်းတယ်။
အမြဲတမ်း ခွင့်လွှတ်မှုအပြည့်နဲ့
ကြည့်ပြီး ပြုံးတတ်တဲ့ အပြုံးနုနုတွေရော
အာကွာ အရမ်း အမြင်ကတ်ဖို့ ကောင်းနေပြီ။______________________________________
Saturday~~~
At 7:08 PM~~~~
📞"Hello"
"ကိုယ်ရောက်တော့မှာနော် ခဏလေး နောက်ထပ် ၅ မိနစ်လောက်ပဲ မိုးအရမ်းသည်းနေလို့ မောင်းရတာ အဆင်မပြေလို့ပါနော်"
"အဲ့ဒါဆို မလာခဲ့တော့နဲ့လေ ကျွန်တော် အခု စာလုပ်နေတာ မလာတော့နဲ့ ရတယ်"
"ရောက်တော့မှာပါကွာ ခဏလောက်ပေး စောင့်နေပေးပါ စိတ်ဆိုးနေတာ မလား သိတယ် ချော့ပါမယ်နော်"
"တော်ပြီဗျာ စာပဲ လုပ်တော့မယ် ခင်ဗျား တော်တော်အနှောက်အယှက်ပေးတယ် မလာခဲ့တော့နဲ့ ပြန်တော့ မစားချင်တော့ဘူး အဲ့ဒီ ဖက်ထုပ်လဲ"
"တောင်းပန်ပါတယ်ကွာ အချိန်ကိုက် သွားဝယ်တာပဲ လမ်းကြပ်နေတာ ရှေ့ကားတွေက မသွားနိုင်လို့ နော် ရောက်ပါပြီနော် မဆိုးပါနဲ့"
"တော်ပြီဗျာ ခင်ဗျား ဘယ်တော့မှ ကျွန်တော့်ကို စိတ်ချမ်းသာအောင် မထားဘူး အမြဲတမ်း ကျွန်တော်က ရစ်တယ် ရစ်တယ်နဲ့ ခင်ဗျားကလဲ အချိုးကို မပြေဘူး နောက်ပြီး ကျွန်တော်ကပဲ အားနေဆိုးသလိုနဲ့ အဘွားကို သွားတိုင်တယ် မရမကချော့တယ်"
"ခဏလေးနော် တောင်းပန်ပါတယ်ကွာ ခဏလောက်ပဲ ဆက်စောင့်ပေးပါနော် အခု ကလေးတို့ လမ်းထဲ ဝင်လာပြီ ခဏလေးပါနော်"
"တော်ပြီဗျာ ခင်ဗျားယူလာလဲ မစားတော့ဘူး"
ဆောင့်အောင့်စွာပင် phကို ချလိုက်မိသည် ပြန်ခေါ်မှာ သိသော်ငြား စက်တစ်ခါတည်း ပိတ်ထားမိသည် အသဲယားစရာကောင်းလွန်းတယ် ထိုလူကြီးက ဘယ်တော့ပဲ ဖြစ်ဖြစ် ကျွန်တော် ဆိုးသမျှ သည်းခံတယ် ကျွန်တော် ရစ်သမျှလဲ အပြုံးမပျက်ခဲ့ဘူး ကျွန်တော်သူ့ကို စိတ်တိုလို့ နှင်ထုတ်တိုင်းလဲ ဇွတ်အတင်း တွယ်ကပ်နေတာ တစ်ခါတစ်လေ ယောကျာ်းတန်မဲ့ မျက်ရည်က လွယ်သေး။

YOU ARE READING
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...