ရင်နှင့်ရင်း၍..
သေချာသိနေခဲ့ပြီ
ချစ်တယ်လို့တော့ မပြောဖူးခဲ့ပေမယ့်
ငါ မင်းကို ငါ့ရဲ့ အရာရာ တစ်ခုလို လွမ်းနေခဲ့တယ်
ကလေးငယ်.....************
At 4:50 PM~~~
၁၅ရက်ဆိုသော အချိန် ကျွန်တော်တို့ သီတင်းပိတ်ရက် ပြီးဆုံးသွား၍ ကျောင်းပြန်တက်ခြင်း ၉ရက်နီးပါးရှိလေပြီ ဒီနေ့ မိမိမှာ taxiခ ပိုက်ဆံမရှိခဲ့ အတိအကျဆိုလျှင် မမလာကြိုနေကြမို့ ထူးပြီး မဆောင်ထားခဲ့ ထက်ကြီးတို့ကိုလဲ မမ လာကြိုလိမ့်မယ် ဟူသောစကားသုံး၍
နောက်ဆုံး၌ မိမိတစ်ယောက်တည်း ကျန်နေခဲ့ပြီး လိုင်းကား တိုးစီးခဲ့ရသည့် အဖြစ် မောဟိုက်ပင်ပန်းနေပြီး လူလဲ ချွေးတမြိုက်မြိုက်နဲ့ပင်.........။တွေ့မယ် မမပျို မိမိမှာ တစ်ယောက်တည်း ရှိသော ထိုမမလေးကမှ အားမကိုးရလျှင် ဘယ်သူ့ကို သွားပြီး အားကိုးရမည်လဲ??? တွေ့မယ် ကျွန်တော့်ကို တစ်ယောက်တည်း ပစ်ထားတာ တွေ့ကြသေးတာပေါ့ ဖိုးခိုပါ........။
ဒေါသတို့အား မောင်းတင်ထားပြီး လက်မောင်းလက်ရုံန်းတန်းပြီး အိမ်ထဲဝင်လိုက်သည်နဲ့ မမကို အရင်လိုက်ကြည့်မိလေပြီ များများစားစား နေရာတော်တော်များများပင် မရှာလိုက် ဧည့်ခန်းမှာ ထိုင်နေသော ဘွားကြောင့်..........။
"ဘွား မမ အပေါ်မှာလား?? သူ ဒီနေ့ သားကို လာမကြိုဘူး ဘွား တွေ့မယ် ဘွားမြေးမလေးက မကောင်းဘူး သိလား??"
"-------"
ဘွားက ဘာမှ ပြန်မပြောဘဲ ကျွန်တော့်မျက်နှာကိုသာ ငေးပြီး စိတ်မကောင်းသလိုဟန်နဲ့ ဒီနေ့ အိမ်ကလူတွေ ဘာဖြစ်နေကြသည်လဲ သေချာ အကဲခတ်မိသည်က ထင်သည် အိမ်တစ်ခုလုံး မှိုင်းနေသည် ထင်ရသည်.........။
"ဘွား ဘွား ဘာဖြစ်တာလဲ?? မမရော ဘာဖြစ်နေလို့လဲ?? ဟမ် ကျွန်တော် စိတ်ပူလာပြီး ကျွန်တော့်ကို ပြောပြပါနော် "

YOU ARE READING
•Kho(ကိုယ်ရဲ့ခို)(complete)
Romanceခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...