သူ့တည်းတစ်ယောက်
ကောင်းမှုရောက်ဖို့ သူတစ်ယောက်မှာ
ပြတ်လင့်ကာသာ ဓမ္မတာ တည်း....××××××××××××××××××××××××××××××××
At 5:09 AM.....
နံနက်ခင်း သာယာသည် လှပသည် လေနုအေးအေးနဲ့ မနက်ခင်းသည် မိုးသံဆိတ်ငြိမ်၍ အဘယ်သို့သော အရာမှ ထိုးဖောက်နိုင်စွမ်း မရှိခဲ့......။
ခေါင်းကိုက်နေတာကြောင့် နားထင်နှစ်ဖက်ကို ဖိနှိပ်ပြီး အိပ်ယာပေါ်မှ ကြိုးစားထမိသည် ရုံးလဲ တက်ရမည်မို့ သံပုရာရည်နဲ့ စောစောဖြေရမည်.....။
ခေါင်းကို အတန်ငယ် ရမ်းခါလိုက်ပြီး ဝေဝါးနေသော အမြင်တို့ကို ပွတ်သပ်ပြီး ကြည်လင်စေသည် မနက်ခင်းတစ်ခု သေချာရောက်သည်နှင့် ပထမဆုံး သတိရလိုက်သည်က ပျို ဟူသော မိမိရဲ့ နှလုံးသား.......။
ပျို သူ့ကို စိတ်ဆိုးနေသည် ပျို့ကို စိတ်ဆိုးပြေအောင် ချော့ရမည် အတွေးတစ်ခုကြောင့် နောက်နေသော ခေါင်းပင်လျှင် ချက်ချင်း ကြည်သွားသလို ......။
ဟုတ်သည် ပျို့ကို ချော့ရမည် phကို လိုက်ရှာသည် နေရာအနှံ့ ပင် သို့သော် ရှာမတွေ့ခဲ့ ဒီနေ့ ထူးဆန်းသည် မိမိအဝတ်အစားများသည် ညက ဝတ်ခဲ့သော အဝတ်များနဲ့ ကွာခြားနေသည် အိပ်ယာအနေအထားများက ယိုယွင်းနေသည်........။
အတွေးတစ်ခု......။
ညက တပ်မက်စွာ ရယူခဲ့ခြင်း အာ ငါ ငါပျို့ကိုများ ...."ဟာ ဟာ သွားပြီ တောက် ဟာကွာ အရက်သောက်ရင် သွေးဆိုးမှန်း သိတာကို တောက် ဟာကွာ ပျို ပျို ငါ ငါကွာ"
ချက်ချင်း ကုတင်မှ ထလိုက်သည် ရေချိုးခန်း ဝင်လိုက်သည် မြန်မြန်ဆန်ဆန်ပင် ပြင်ဆင်လိုက်သည် ရေပန်းအောက်၌ ရေမွှားတို့သည် ပူလောင်နေသော ကျွန်တော့်ရင်ကို မအေးချမ်းနိုင်စွာ........။
အကယ်၍သာ အတည်ဖြစ်ခဲ့လျှင် မိမိသည် လူမဆန်သော လုပ်ရပ် လူယုတ်မာမည်သော လုပ်ရပ် အတင်းအဓမ္မ ရယူခြင်း နောက်၌ ပြဿနာ များက မီးခိုးကြွက်လျှောက် လိုက်လာမည် သူ့သိက္ခာတရားကို စော်ကားသလို ဖြစ်ခဲ့လေပြီ.......။
VOUS LISEZ
•Kho(ကိုယ်ရဲ့ခို)(complete)
Roman d'amourခို~~ မင်း မဆိုးလို့မှ မရရင် ရစ်ပါ ဂျစ်ပါ စိတ်ကြိုက်ဆိုးပါ ဒါပေမယ့် မင်း မရှိတဲ့ အရပ်ကိုတော့ ကိုယ့်ကို မနှင်ပါနဲ့ကွာ။ ✴Please check up unicode under the end of the Zawgyi font chapters (စိတ်ရှည် သည်းခံ ချစ်တတ်လွန်းသော semeလေးန...