အချစ်ဆိုသော ထိုအရာ. 01

8.3K 340 9
                                    

'မင်းသွားမှာလား ဘိုဓိ... '

မန်နေဂျာ ကိုနိုင်ရဲ့ အမေးကို မဖြေအားနိုင်သေး လက်ထဲက ဇာတ်ညွှန်းစာရွက်ကို သဲကြီးမဲကြီး ဖတ်နေတဲ့ "အဓိက " ရဲ့အာရုံတို့က ထိုဇာတ်ညွှန်းစာရွက်ဆီမှာသာ အပြည့်အဝ။

ဟုတ်ပါတယ် သူ့ နာမည်က "အဓိက"ပါ။
မေမေ က သူ့ဘဝအတွက် အဓိကအကျဆုံး လူသားလေးဖြစ်တာကြောင့် အဓိကလို့ နာမည်ပေးခဲ့သည်တဲ့လေ ။
ဒါပေမဲ့ ငယ်ငယ်ထဲက မေမေနှင့် သူတစ်ခါမှအတူတူမနေခဲ့ရချေ။ဘယ်နေရာများ မေမေ့အတွက် သူကအဓိကကျနေပါသလဲလို့ မေးချင်ပေမဲ့လဲဘယ်တုန်းကမှ ထုတ်မမေးဖြစ်ခဲ့သောမေးခွန်းတစ်ခုဖြစ်နေခဲ့သည် ။

ဝင်လာတဲ့အတွေးစကိုဖြတ်ပြီး လက်ထဲကဇာတ်ညွှန်းကို အာရုံပြန်စိုက်လိုက်မိသည်။

သူ သဘောကျနေမိတာက ဒီဇာတ်လမ်းက မြန်မာနိုင်ငံမှာ လုံးဝမရှိဘူး မရိုက်ဘူးသေးတဲ့ ဇာတ်လမ်းမျိုးတော့မဟုတ်ပေမဲ့ ဒီနိုင်ငံအနေအထားနဲ့ဆိုရင် အတော်လေးကို စွန့်စားရမဲ့...BLဇာတ်လမ်းတွဲတစ်ခုဖြစ်နေသည်။ တစ်နည်းအားဖြင့် ယနေ့ခေတ် ထိုင်းနိုင်ငံ နဲ့ ထိုင်ဝမ်မှာ ခေတ်စားနေတဲ့ Boy Love series အမျိုးအစားဖြစ်နေခဲ့သည် ။

ဒီနိုင်ငံအနေအထားနဲ့ဆိုရင် လက်မခံသူတွေလဲ ရှိနိုင်သလို လက်ခံနေသူ လူငယ် အများအပြားလဲရှိနေတဲ့ အသိုင်းအဝိုင်းရပ်ဝန်းငယ်လေး တစ်ခုဆိုတော့ကာ သူလုပ်ကြည့်ချင်မိသည်။ သူ့အတွက် အတွေ့အကြုံအသစ်တွေ ရလာမှာ ကျိန်းသေပဲမဟုတ်လား ။

“ကျွန်တော် သွားမယ် “

ကိုနိုင် အံသြသွားပုံဖြင့်သူ့ကို မျက်လုံးပြူးကာကြည့်လာခဲ့ရင်း….

“မင်းသေချာလား ငါကြားတာတော့ ဒါရိုက်တာ အဖွဲ့က ဓာတ်ပုံနဲ့ ရွေးတာမှာ မင်းကိုပယ်ထားပြီတဲ့
အခုက မမီကမင်းကိုဒုတိယ chance အနေနဲ့ လူတွေ့လာဖြေခိုင်းတာ
မင်းလုပ်နိုင်မယ်ထင်လား “

သူ ကိုနိုင့်ကိုညစ်ကျယ်ကျယ် တစ်ချက်ကြည့်၍ သူ့ထုံးစံအတိုင်းနှုတ်ခမ်းထောင့်စွန်းလေးကွေးရုံ ပြုံးလိုက်မိသည် ။

“ကိုနိုင် ကျွန်တော့်ကိုမလုပ်နိုင်ဘူး ထင်တာလား ဒါမှမဟုတ်...
မလုပ်ရဲဘူးလို့ ထင်တာလား “

အချစ်ဆိုသော ထိုအရာ  (Complete)Where stories live. Discover now