တာရာ မျက်စိမျက်နှာပျက်နေတာကိုကြည့်ပြီး ရဲရင့်သဘောပေါက်လိုက်သည်။
ဟို ငချေကောင် တာရာ့ကိုကောက်ပြန်ပြီထင်တယ်။ တာရာ့မလဲတစ်ဒုက္ခ။ ဒီအသက်အရွယ်ရောက်မှ ရည်းစားစထားတယ်။ ထားလိုက်တာက သူ့ထက်ခြောက်နှစ်ငယ်တဲ့ကောင်လေး။ ဒီကြားထဲ သူ့အပေါ် မကြာခဏ စိတ်ကောက်တာက ခံရသေးသည်။ ရဲရင့်အမြင်မှာတော့ တာရာ့ကိုအဓိကက နိုင်စားလွန်းတယ်လို့ပဲမြင်သည်။" ဘာလဲ ....မင်း ငချေလေးကကောက်တော်မူပြန်ပြီလား...."
" အေးကွာ....."
" မင်း အဲ့ကောင်ကိုကြပ်ကြပ်အလိုလိုက်... မင်းကိုအသေနိုင်စားတယ်နော်..."
" အဓိကကို အဲ့လိုမပြောနဲ့ကွာ...."
ဘာမှမသိပဲ အပေါ်ယံအမြင်နှင့်ပြောနေသော ရဲရင့်ကိုသူဘာမှမဖြေရှင်းချင်တော့ပေ။ ဘယ်သူသိသိမသိသိ သူသိနေဖို့သာလိုသည်လေ။ အဓိကသူ့အပေါ်ဘယ်လောက်ချစ်တယ် ဘယ်လိုကောင်းတယ်ဆိုတာ သူသိနေဖို့ပဲလိုသည်။
သူ့ကိုဘာမှပြန်မပြောပဲ ထွက်သွားသော တာရာ့ကိုကြည့်ပြီး ရဲရင့်တစ်ယောက်ပခုံးသာတွန့်မိတော့သည်။ သူ့ဟာလေးကိုပြောရင် အပြောကိုမခံဘူး။...
ဖုန်းဆက်နေတာ ဘယ်လိုမှမကိုင်သဖြင့် တာရာ အဓိကအိမ်သို့ထွက်လာခဲ့သည်။
တော်တော်စိတ်ဆိုးသွားတဲ့ပုံပဲ။
အရင်ဆို ဘယ်လောက်စိတ်ကောက်နေနေ သူ့ဖုန်းတော့မကိုင်ပဲမနေနိုင်တဲ့ကလေးလေ။" အဓိက....အဓိက......"
သူအိမ်တံခါးဝကနေဘဲလ်တီးရင်း အဓိကနာမည်ခေါ်သော်လဲ အထဲကဘာအသံမှမကြားရပေ။ အပြင်ကနေသော့လဲခတ်မထားပုံဆိုရင် အထဲမှာလူရှိနေတဲ့ပုံပါပဲ။ အဓိကမရှိရင်တောင် ကိုနိုင်တော့ရှိမှာ။
ကိုနိုင်ရှိနေရင်လဲ သူ့ကိုတံခါးလာဖွင့်မပေးပဲ နေမှာမဟုတ်။" အဓိက......တံခါးဖွင့်ပေးပါကွာ.......ကိုကိုတောင်းပန်ပါတယ်...."
ဘယ်လိုမှအော်လို့မရ ခေါ်လို့မရ။
နာရီဝက်လောက်ကြာသည်အထိ လုံးဝထွက်မလာ။ စတွဲကတည်းက တစ်ခါမှဒီလောက်စိတ်ကောက်ခံရစဖူး သူ့ကိုပစ်ထားလေတော့ အဓိကဘယ်လောက်တောင် စိတ်ထိခိုက်သွားလေသည်မသိ။
YOU ARE READING
အချစ်ဆိုသော ထိုအရာ (Complete)
Romanceကိုကို့ ကို ဘယ်အချိန်က စချစ်မိလဲ ကျွန်တော့ကို ကျွန်တော်လဲ မသိတော့ဘူး သေချာတာတော့ ကိုကို့ အပြုံးတစ်ချက်က ကျွန်တော့်ကို ရူးသွပ်စေနိုင်တဲ့ အထိ အစွမ်းထက်တယ် #အဓိက မင်းအတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဝန်မလေးပေမဲ့ ငါ့အတွက်ကြောင့် မင်းကြိုးစားထားတဲ့အရာ...