" အဓိက. ဒီမနက်ပဲငါ့ဆီကိုမင်းအဖေလာသွားတယ်၊ မင်းမရောက်ခင်လေးတင် ရှေ့ဆင့်နောက်ဆင့်ပဲ.. "
ကိုနိုင့်စကားကြောင့် သူထူးဆန်းစွာလှည့်ကြည့်မိလိုက်သည် ။
" ဘယ်ကအဖေလဲ ကျွန်တော့မှာအဖေမှမရှိတော့တာ.. "
" မရှိတော့တဲ့အဖေမဟုတ်ဘူးကွာ... ရှိတဲ့အဖေ….ရှိတဲ့အဖေ "
ဦးမြတ်မိုးလွင်ကိုပြောနေတာလား။ မဖြစ်နိုင်တာ... သူထွက်လာတည်းက မေမေနဲ့ပဲတစ်ခါတစ်ရံသွားတွေ့ဖြစ်ပြီး အဲ့ဒီလူကြီးကို သူအတွေ့မခံခဲ့တာ သူကဘာလို့ရောက်လာတာလဲ။
"ဘာပြောသွားသေးလဲ...."
" မင်းကွာ...တော်တော်နေနိုင်တဲ့ကောင်
ငါ့ကိုတောင်မပြောပဲ ထိန်းသိမ်းထားတယ် မင်းမှာဒီလိုအဖေမျိုးရှိနေတာ...."" အဖေမဟုတ်ပါဘူးဆိုဗျာ...မေမေ့ယောက်ျားပါ….သူက ဘာလာလုပ်တာလဲ "
သူစိတ်တိုလာသလို ခပ်ဆတ်ဆတ်မေးလိုက်တော့မှ ကိုနိုင်တွေးဆဆပုံစံဖြင့်....
" ဘာမှတော့ပြောမသွားဘူး၊ မင်းအကြောင်းတွေမေးလို့ငါပြောပြလိုက်တယ် "
" ဘာတွေပြောလိုက်တာလဲ "
" အကုန်.... "
" ဘာ...ဘာကိုအကုန်လဲ၊ ကိုကို့အကြောင်းပါလား "
အဓိကထိတ်လန့်တကြားမေးမိသည်။
" အေးလေ... သူကအကုန်ပြောဆိုမှတော့ ငါကပြောရတာပေါ့ "
" ဟ. သူပြောခိုင်းတိုင်းပြောစရာလားဗျ... ကိုနိုင်ကအုံးစားပြန်ပြီဗျာ ... ပြီးတော့ဘာပြောသွားသေးလဲ "
" ပြောသွားသေးတယ်.....သူ့ကိုလာတွေ့ပါတဲ့..လာမတွေ့ရင်မင်းကောင်လေးရဲ့ရှေ့ရေးကို အာမမခံဘူးလို့ပြောခိုင်းသေးတယ်"
" ဘာ....တောက်လာပြန်ပြီနောက်တစ်ယောက်..."
"အော် အဓိက... အဓိက... ငါမင်းကိုပြောဖို့မေ့နေတာ တစ်ခုရှိသေးတယ် "
သူမျက်မှောင်ကြုံ့ပြီး လှမ်းကြည့်လိုက်တော့ ကိုနိုင်မရဲတရဲဖြင့်
" မင်း Sunshine ရိုက်ခါစက. ငါ့ကို ဦးကောင်းကြွယ် အကြောင်းစုံစမ်းခိုင်းထားတာလေ…အဲ့ဒါ...."
YOU ARE READING
အချစ်ဆိုသော ထိုအရာ (Complete)
Romanceကိုကို့ ကို ဘယ်အချိန်က စချစ်မိလဲ ကျွန်တော့ကို ကျွန်တော်လဲ မသိတော့ဘူး သေချာတာတော့ ကိုကို့ အပြုံးတစ်ချက်က ကျွန်တော့်ကို ရူးသွပ်စေနိုင်တဲ့ အထိ အစွမ်းထက်တယ် #အဓိက မင်းအတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဝန်မလေးပေမဲ့ ငါ့အတွက်ကြောင့် မင်းကြိုးစားထားတဲ့အရာ...