နွေးထွေးလွန်းသော ချိုမြိန်လွန်းသော ခံစားချက်နှင့်အတူ ခန္တာကိုယ်တစ်ခုလုံးကလျှပ်စစ်ဖြတ်စီးသလို ခံစားချက်ကြီးကြောင့် တာရာသတိလက်လွတ်အနေအထားမှ သတိပြန်ဝင်လာပြီး အဓိကကို တွန်းခွာလိုက်မိသည်။
"အဓိက. မင်းဘာလုပ် ..."
စကားပင်မဆုံးလိုက် နောက်တစ်ကြိမ်ဆွဲပြီး သူ့ကိုပါးစပ်ပိတ်လိုက်သော အဓိက ကြောင့် တာရာခြေတွေလက်တွေပင် အေးစက်လာသည်အထိ ရင်ခုန်သံတွေမြန်ဆန်လာရပြန်သည်။ ဒီတစ်ခါတော့ တာရာဘယ်လိုပင်ရုန်းကန်နေပါစေ သန်မာလွန်းလှသော အဓိကလက်တွေက သူ့ပါးပြင်နှစ်ဖက်ကို မြဲမံစွာထိန်းချုပ်ထားတာကြောင့်ဘယ်လိုမှပင် မလွတ်မြောက်နိုင်တော့ပေ။
" ကိုကို "
ရှည်ကြာသော အနမ်းတစ်ခုကိုစီးဆင်းပြီးနောက် နူးညံစွာခေါ်လိုက်သော အဓိကအသံကြောင့် တာရာစိတ်နှင့်လူအမြန်ပြန်ကပ်လိုက်ရသည်။ ဒီကောင်လေးအခုဆေးစားများမှသွားတာလား။ ငါ့ကို...ငါ့ကို
"ကျွန်တော့်ကို စိတ်ဆိုးလား "
မျက်နှာငယ်လေးနှင့်မေးလာသော အဓိက ကိုကြည့်ပြီး တာရာဘယ်လိုမှပင် စိတ်တွေ တင်းမထားနိုင်တော့ပေ။ သူစိတ်ဆိုးသွားမှာစိုးရိမ်လွန်းနေတဲ့ မျက်ဝန်းလှလှလေးတွေက မျက်ရည်ကြည်လေးတွေတောင်ဝေ့သီနေသယောင်။ သူအမြဲတမ်းငေးကြည့်ခဲ့ရသော အဓိက၏ကြည်လင်ဖူးနူးလှသော နှုတ်ခမ်းပါးလေးကတဆတ်ဆတ်တုန်ယင်လျှက်ရှိနေသည်။
ဒီတစ်ကြိမ်မှာတော့ တာ့ရာ့ဘက်ကစတင်ပြီး အပြစ်ပေးလိုက်မိတော့သည်။ ဒီနှုတ်ခမ်းပါးလေးတွေကပဲ သူ့ကိုအသိစိတ်တွေ လွတ်ထွက်သွားအောင်လုပ်နိုင်တာတော့အဖြစ်မခံနိုင်ပေ။ သူ့ဘက်ကလဲပြန်ပြီးလက်စားချေသင့်သည်မဟုတ်လား။
အဓိက၏ရှည်သွယ်နူးညံ့လှသော လက်ချောင်းလေးများက သူ့ကိုလွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာပြန်လည်ဖက်တွယ်လာခဲ့လေသည်။ လှပလိုက်တာ...တောင်ခြေလမ်းကရှုခင်းတွေက အရင်ထဲကပင်လှပလွန်းနေသည်လား။ သူတို့နှစ်ဦး၏ ရင်ထဲကအချစ်တွေကြောင့်ပဲ ပိုပြီးလှပနေခဲ့ခြင်းပေလား။
![](https://img.wattpad.com/cover/199076132-288-k341661.jpg)
YOU ARE READING
အချစ်ဆိုသော ထိုအရာ (Complete)
Romanceကိုကို့ ကို ဘယ်အချိန်က စချစ်မိလဲ ကျွန်တော့ကို ကျွန်တော်လဲ မသိတော့ဘူး သေချာတာတော့ ကိုကို့ အပြုံးတစ်ချက်က ကျွန်တော့်ကို ရူးသွပ်စေနိုင်တဲ့ အထိ အစွမ်းထက်တယ် #အဓိက မင်းအတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဝန်မလေးပေမဲ့ ငါ့အတွက်ကြောင့် မင်းကြိုးစားထားတဲ့အရာ...