အဓိကမျက်နှာသုန်မှုန်နေတည်းက အခြေအနေမဟန်မှန်းသိသော အဖွဲ့သားတွေ တစ်ယောက်နှင့်တစ်ယောက် မျက်စပြစ်နေကြသည်။ ကလေးတွေလဲ မဟုတ်ကြပဲ ဒီရက်ပိုင်းတွေမှာ မကြာခဏစိတ်ကောက်ရန်ဖြစ်နေသော ဒီနှစ်ယောက်ကို နားလည်ရခက်နေကြသည်။
ဇာတ်ကားရိုက်နေတဲ့ တစ်လျှောက်လုံး အမြဲ စနောက်ပျော်ရွှင်နေကြရင်းနဲ့ တည့်နေရင်လဲ သူတို့နှစ်ယောက်အပြင်မရှိပေ။
အဓိကက တာရာ့အပေါ်ဆိုးတာ အနိုင်ယူချင်တာလဲ အားလုံးသိနေကြသလို
တာရာ့ဘက်ကနေလဲ အဓိကကိုအလိုလိုက် အကြိုက်ဆောင်နေတတ်သာ သိနေကြသောကြောင့် ဒီတစ်ခါလဲအဓိကဘာတွေ အလိုမကျဖြစ်လာပြန်ပြီလဲမသိပေ။
ကြည့်ကျက်သာနေကြတော့ ဆိုသည့်သဘောဖြင့် မျက်လုံးချင်းစကားပြောနေကြသည်။🌟🌟🌟🌟🌟
သူ့ကို အဓိကတော်တော်လေးစိတ်ဆိုးသွားပြီထင်တယ်။ လက်လဲအရမ်းများနာသွားလားမသိဘူး။ တာရာတစ်ယောက်စိတ်ရှုပ်ထွေးစွာဖြင့် ဆံပင်တွေကိုထိုးဖွပစ်လိုက်မိသည် ။
အခုတစ်လောသူနှင့်အဓိက ဘာကြောင့်အဆင်မပြေဖြစ်နေရတာလဲ။
အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်ပြန်နေချင်တယ်ကွာ။ ဇာတ်ကားပြီးခါနီးလို့ မတွေ့ရတော့မှာကို တွေးပြီးစိတ်ပူနေပါတယ်ဆိုမှ
စိတ်ကောက်လို့ စကားမပြောပဲနေနေရတဲ့ရက်တွေကြောင့် တာရာအနေရခက်လှသည် ။ အဓိကက ဒီတစ်လောဘာလို့သူ့ကို ခဏခဏစိတ်ဆိုးနေရတာလဲ။ဘယ်လိုချော့ရမလဲ စဉ်းစားစမ်း စဉ်းစား ???
ဟာ ဟုတ်သားပဲ….အခုမှသတိရတယ်။
ဖျက်ခနဲပေါ်လာတဲ့ အကြံနှင့်အတူ လည်ပင်းက ဆွဲကြိုးလေးကိုစမ်းလိုက်မိသည်။…………………….
ညနေ shotting သိမ်းသည်နှင့် တာရာ Junctiom City ဘက်ကို ပတ်ဝင်၍ Pandora ဆိုင်ကနေ သူ့လည်ပင်းကကြိုးနှင့် ဆင်တူကြိုးလေးတစ်ကုံးဝယ်လိုက်သည်။ တော်သေးတာပေါ့ ဆင်တူလော့ကတ်လေးရှိနေသေးလို့၊ အရောင်လေးတော့ ကွဲသွားကာ အမဲရောင်လေးပဲ ရတော့သည်။
ရပါတယ် ပုံစံတူနေတာပဲလေ....
အတွေးနှင့်အတူ ရင်ထဲတွင် အဓိကကိုပြင်းပြစွာ သတိရမိလေသည်။ ဖုန်းကိုထုတ်၍ စာတိုတစ်စောင်ပို့လိုက်သည်။
![](https://img.wattpad.com/cover/199076132-288-k341661.jpg)
YOU ARE READING
အချစ်ဆိုသော ထိုအရာ (Complete)
Romanceကိုကို့ ကို ဘယ်အချိန်က စချစ်မိလဲ ကျွန်တော့ကို ကျွန်တော်လဲ မသိတော့ဘူး သေချာတာတော့ ကိုကို့ အပြုံးတစ်ချက်က ကျွန်တော့်ကို ရူးသွပ်စေနိုင်တဲ့ အထိ အစွမ်းထက်တယ် #အဓိက မင်းအတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဝန်မလေးပေမဲ့ ငါ့အတွက်ကြောင့် မင်းကြိုးစားထားတဲ့အရာ...