"Arrrrrrr"
ပျင်းကြောကို ရှည်ရှည်ကြာကြာဆွဲဆန့်လိုက်ရင်း နာရီကိုလှမ်းကြည့်လိုက်သည် ။
မနက် 5 နာရီ ...
သွားတိုက်မျက်နှာသစ်ပြီး Sport Wear နှင့် Snaker ကိုကောက်စွပ်ကာ နားမှာနားကြပ်တပ်၊ ဦးထုပ်ကိုစိုက်စိုက်ဆောင်းပြီး
သူ့ရဲ့လက်စွဲတော် Skate Board ကိုပွေ့ကာ မနက်ဝေရီဝေလင်း အလင်းရောင်အောက်သို့ပြေးဝင်ခဲ့သည် ။အဓိကသည် မနက်ခင်းတိုင်းစောစောထ၍ ပြေးလေ့ရှိပြီး သူနှင့်အတူတူ သူ့အချစ်တော် skate board ကိုယူသွားလေ့ရှိသည်။ လူရှင်းသော နေရာကျယ်ကျယ်တွင် သူ skate စီးလေ့ကျင့်သည်။ လူများလျှင် skate ကိုပွေ့၍ပြေးသည်။ မနက်ခင်းအလင်းရောင်းအရမ်းများသည်အထိတော့ သူအပြင်မှာနေလို့မရပေ။
လူလုံးကွဲလို့သူ့ကိုမြင်ရလျှင် သူပြေးပေါက်မှားတတ်သည်မဟုတ်လား ။…………………………
အပြေးလေ့ကျင့်ရာမှပြန်လာပြီး ခဏတဖြုတ်နားကာ ရေတစ်ခွက်အပြည့်သောက်၍ သူ့မနက်ခင်းကိုစတင်လိုက်သည်။
ရေမိုးချိုးပြင်ဆင်၍ fitting ချရန်ချိန်းဆိုထားသော designer ကိုကောင်းမြတ်ဆိုင်သို့ သူအချိန်ကိုက်ရောက်ရန် အိမ်ကနေ စောစောထွက်လာလိုက်သည်။ လမ်းမှာ ကားပိတ်မှာဘာညာ ထည့်တွက်ရသေးသည်။ အဓိကရဲ့အကျင့်တစ်ခုက အချိန်တိကျတာ၊သူလဲ ဘယ်သူ့ကိုမှမစောင့်ချင်၊ စောင့်ရတဲ့အလုပ်ကို ဝါသနာမပါပေ။ အဲ့ဒီလိုပဲ သူ့ကိုလဲဘယ်သူကမှ ဘာကိစ္စကြောင့်မှစောင့်နေရမည်ကို မလိုလားသူဖြစ်သည်။
သူ့ပုံစံကတော့ ထုံးစံအတိုင်းပေါ့ပါးလှစွာသော T.Shirt နှင့် ဂျင်းပြဲက သူ့style ပင်မဟုတ်လား။ Shotting တွေ show တွေမရှိသော ပေါ့ပါးသောနေ့ရက်များတွင် သူသည် ပေါ့ပါ့ပါးပါးသာနေလိုသည် ။
…………………..
ကားကိုဆိုင်ရှေ့မှာထိုးရပ်လိုက်ချိန်တွင် သူ့ရှေ့ Taxi ပေါ်မှဆင်းလာသော တာရာ့ကိုလှမ်းမြင်လိုက်ရသည် ။
***ဘာလဲဟ သူ့ company က မန်နေဂျာတောင်ထားမပေးထားဘူးလား???
ကားလဲ မပေးထားဘူးလား ???***သူ့စိတ်ကူးထဲ အတွေးမြောက်များစွာနှင့် ဆိုင်ထဲသို့ဝင်သွားသော တာရာ့နောက်ကျောကိုငေးမောနေမိသည်။
သူ့အာရုံထဲ ဒီမနက်ပျော်ရွှင်နေတဲ့ စိတ်လေးပင်ပျောက်သွားရသည်။
YOU ARE READING
အချစ်ဆိုသော ထိုအရာ (Complete)
Romanceကိုကို့ ကို ဘယ်အချိန်က စချစ်မိလဲ ကျွန်တော့ကို ကျွန်တော်လဲ မသိတော့ဘူး သေချာတာတော့ ကိုကို့ အပြုံးတစ်ချက်က ကျွန်တော့်ကို ရူးသွပ်စေနိုင်တဲ့ အထိ အစွမ်းထက်တယ် #အဓိက မင်းအတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဝန်မလေးပေမဲ့ ငါ့အတွက်ကြောင့် မင်းကြိုးစားထားတဲ့အရာ...