မနက်ဖြန် မန္တလေးကိုကြော်ငြာတစ်ခုအတွက် သွားရမဲ့နေ့ဆိုတော့ ကိုယ်တော်ချောလေးကို ရွှေစိတ်တော်မငြိုးအောင် ချော့မော့ပြီးပြန်လာရတာ။
ဒါပေမဲ့ ဒီနေ့တော့ကြည်ကြည်သာသာမို့တော်သေးသည်။ ဘာတွေ စိတ်ကောင်းဝင်နေသည်မသိချေ။သိပ်မရစ်....သိပ်မပူဆာပဲ အလွယ်တကူပင် အလုပ်ဆိုတော့လဲ နားလည်ရမှာပေါ့ဆိုပြီး ပြောလာခဲ့သည်။
ဒီလိုကျတော့လဲ လိမ္မာနေပြန်ရောကလေးလေးက။အဓိကကတစ်ခါတစ်ခါသာ ကလေးတစ်ယောက်လို စိတ်ဆိုးစိတ်ကောက်တတ်တာပါ။ အချိန်တော်တော်များများမှာတော့ သူ့အရိပ်အခြည်ကိုကြည့်ပြီး သူ့မျက်နှာကို စာအုပ်တစ်အုပ်လိုဖတ်နေတတ်သူလေ။ သူ့ကို အဓိကအရမ်းချစ်တာသူသိတာပေါ့။ သူလဲအရမ်းချစ်တာပဲလေ. ဒီကလေးလေးကို။
အချစ်တွေထပ်တူညီနေလို့လဲ အခက်အခဲတွေကြားကနေ လက်တွဲခဲ့ကြတာမလား။ ဘေးလူတွေထင်သလို ဘယ်သူကပိုချစ်တယ် ဘယ်သူကသွေးအေးတယ်ရယ်လို့မရှိပါဘူး။ သူနှင့်အဓိကကြားမှာ အရာရာကထပ်တူညီတယ်။
အဓိက ကငယ်ရွယ်သူမို့ ဖွင့်ဟချစ်တတ်ပြီး၊ သူကတော့ အသက်အရွယ်ကြောင့်လားတော့မသိပေ။လိုအပ်မှ ဖွင့်ဟချစ်ပြတတ်ခဲ့သည်သာ။
အိမ်ပြန်ရောက်တော့ ပြန်ရောက်ကြောင်း report တင်တဲ့စာတစ်စောင်ပို့ပြီး အိပ်ရာဝင်ခဲ့သည်။ စောစောအိပ်မှလေ မနက်စောစောခရီးသွားရမှာဆိုတော့။
……………………………..
မနက်ဆယ်နာရီလေယာဉ်နဲ့သွားရမှာကြောင့် သူခြောက်နာရီလာက်ထကာ
ရေချိုးအဝတ်အစားလဲ မနက်စာစားပြီး စောစောထွက်လာခဲ့လိုက်သည်။ လမ်းမှာကားပိတ်ရင် နောက်ကျနေမှာစိုးတာကြောင့် စောနေလို့ထိုင်စောင့်နေရတာ အရေးမကြီးပေ။ ကိုယ့်ကြောင့်နဲ့အဖွဲ့သားတွေ စိတ်မပူစေလိုသောကြောင့် စောစောသာ ထွက်လာခဲ့သည်။" တာရာ အစောကြီးရှိသေးတယ်... "
" အေး ငါ့ကိုသူများတွေစောင့်နေရမှာစိုးလို့ ..ငါစောရောက်နေတာပြသနာမရှိဘူး...."
သူ့ကိုပြောပြီးထွက်သွားသော တာရာ့နောက်ကျောကိုကြည့်ပြီးရဲရင့်တွေးမိသည်ကတာရာဆိုတာအဲ့ဒီလိုပဲ သူများအတွက်အမြဲစဉ်းစားပေးတတ်တဲ့ သူတစ်ယောက်ပင်။ အဲ့တာကြောင့်လဲ လူချစ်လူခင်များပြီး အမြဲတမ်းကံကောင်းနေခဲ့တာဖြစ်မည်။
အခုလဲကြည့် သူ့ချစ်ချစ်ပေါက်စလေးက boss ဆိုတော့ သူတို့အဖွဲ့သားတွေအတွက် ကားရော...မန်နေဂျာရောစီစဉ်ပေးထားသည်။ကိုယ်တွေကို ချစ်လွန်းလို့တော့ဟုတ်မည်မထင်ပေ။ သူ့ကိုကိုရှိနေတာကြောင့်ပဲနေမှာ။
![](https://img.wattpad.com/cover/199076132-288-k341661.jpg)
YOU ARE READING
အချစ်ဆိုသော ထိုအရာ (Complete)
Romanceကိုကို့ ကို ဘယ်အချိန်က စချစ်မိလဲ ကျွန်တော့ကို ကျွန်တော်လဲ မသိတော့ဘူး သေချာတာတော့ ကိုကို့ အပြုံးတစ်ချက်က ကျွန်တော့်ကို ရူးသွပ်စေနိုင်တဲ့ အထိ အစွမ်းထက်တယ် #အဓိက မင်းအတွက် အရာအားလုံး စွန့်လွှတ်ဖို့ ဝန်မလေးပေမဲ့ ငါ့အတွက်ကြောင့် မင်းကြိုးစားထားတဲ့အရာ...